CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၁

အက်စတွန်ဗီလာ အသင်းနည်းပြ ဂျရတ်က ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ကစားမယ့် မန်စီးတီး အသင်းနဲ့ပွဲမှာ အမှတ်ရအောင် ယူသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဂျရတ်က “အက်စတွန်ဗီလာနဲ့ ကျနော်တို့ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ရမှတ်ရယူနိုင်ဖို့ ကျနော်တို့ဟာ အရာအားလုံးကိုပေးပြီး ကြိုးစားသွားမှာပါ။ဒါက မလွှဲမရှောင်သာ လီဗာပူးလ်အသင်းကို အကူအညီ ဖြစ်ခဲ့တယ်ဆိုရင် အလွန်ကောင်းပါတယ်။ဒါပေမယ့် ကျနော့်ရဲ့ ဦးစားပေးကတော့ အက်စတွန်ဗီလာအတွက် အမှတ်ရယူ နိုင်အောင် ကြိုးစားဖို့ပါပဲ။ကျနော်တို့ဟာ ရမှတ် ၃ မှတ်ရယူပြီး အသင်းကို ဒီထက်မြင့်တဲ့အဆင့်မှာ ရပ်တည်ကာ ရာသီအဆုံးသတ်ဖို့ အခွင့်အရေးရှိပါတယ်”လို့ ပြောခဲ့တာပါ။

နောက်ဆုံးပွဲမှာ မန်စီးတီးအသင်းက အနိုင်ရခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မှာဖြစ်ပါတယ်။ ဗီလာအသင်းက ဒီပွဲမှာ အမှတ်ရအောင်ယူပြီး တစ်ဖက်မှာ လီဗာပူးလ်အသင်းက အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မှာပါ။ဒီအချိန်မှာ ဂျရတ်က အသင်းဟောင်း လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ စိန်ခေါ်နေကြတဲ့ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ အဆင့်အတန်းတွေကို ဂျရတ်က ချီးကျူးသွားခဲ့ပါတယ်။ “ကျနော်ကစားတဲ့အချိန်တုန်းက ထိပ်ဆုံး ၄ သင်း နဲ့ ထိပ်ဆုံး ၆ သင်းဖြစ်တဲ့ ကာလတစ်ခုအတွက် ဆွေးနွေးမှုတွေ အများကြီးပြုလုပ်ခဲ့ပါတယ်။မော်ရင်ဟို ထွက်သွားပြီးကတည်း က ဂွာဒီယိုလာနဲ့ ကလောပ့်တို့ရဲ့ ကိုက်ညီမှုတွေဟာ ၂ နှစ် ၃ နှစ်အတွင်းမှာ တော်တော်လေး ရှင်းသွားတယ်လို့ ကျနော်ထင်ပါတယ်။သူတို့ဟာ အချိန်ကာလအကြာကြီး အတောင့်တင့်ဆုံး အသင်းတွေဖြစ်ခဲ့ပြီး ကွာဟချက် တွေလည်းရှိတယ်” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဂျရတ်ဟာ လီဗာပူးလ် ယူ(၁၈) ၊ ယူ(၁၉) အသင်းတွေကို ကိုင်တွယ်ပြီးနောက် စကော့တလန်ကလပ် ရိန်းဂျားစ် အသင်းကို ကိုင်တွယ်ခဲ့တာပါ။သူ့လက်ထက်မှာ ရိန်းဂျားစ်အသင်းဟာ ရှုံးပွဲမရှိဘဲ အမှတ်ပေးဖလား ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အက်စတွန်ဗီလာ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

Source:Manchestereveningnews