CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၂၁

ပီအက်စ်ဂျီ တိုက်စစ်မှူး ဘတ်ပီရဲ့ မိခင်ဖြစ်သူက သူ့သားဟာ ရီးရယ်လ်၊ ပီအက်စ်ဂျီ နှစ်သင်းစလုံးနဲ့ သဘောတူညီမှုရရှိထားတာကြောင့် နောက်ရာသီကစားမယ့်အသင်းကို သူပဲ ဆုံးဖြတ်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။

မိခင်ဖြစ်သူ အယ်လ်အာမာရီက “ဘတ်ပီရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ အစည်းအဝေးအသစ်တွေ ရှိမှာမဟုတ်ပါဘူး။ အစည်းအဝေးတွေက ပြီးသွားပါပြီ။ရီးရယ်လ်၊ပီအက်စ်ဂျီ နှစ်သင်းစလုံးနဲ့ သဘောတူညီမှုရရှိထားပြီးပါပြီ။ အဲဒါကြောင့် ဘတ်ပီ က သွားမယ့်အသင်းကို ရွေးချယ်ရတော့မှာပါ။ကမ်းလှမ်းမှု နှစ်ခုလုံးက တူညီပါတယ်။ကြီးကြီးမားမား ကွာခြားမှု မရှိပါဘူး။အခု ဘတ်ပီရဲ့ရွေးချယ်မှုကို စောင့်နေတာပါ။ ရီးရယ်လ်ရဲ့ ကမ်းလှမ်းမှုမှာ ပုံရိပ်အပြည့်အဝ အသုံးချခွင့် ပါဝင်ပြီး တဖက်မှာလည်း ဒီအတွက် လျော်ကြေး ပေးမယ့် ငွေကြေးလျော်ကြေးတစ်ခုရှိပါတယ်”လို့ Kara Plus ကို ပြောခဲ့တာပါ။

ဘတ်ပီရဲ့ မိခင်လည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ အယ်အာမာရီက တိုက်စစ်မှူးအနေနဲ့ ပီအက်စ်ဂျီမှာ ဆက်ရှိဖို့ အခွင့်အရေး ရှိနေသလို နှစ်သင်းစလုံးနဲ့ သဘောတူညီမှုရရှိထားတာကြောင့် သူပြောင်းချင်တဲ့ ကလပ်ကို ဆုံးဖြတ် ရမှာလို့ ပြောခဲ့ပါတယ်။

ဘတ်ပီဟာ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေ ထွက်နေခဲ့သလို ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိတော့မယ်လို့လည်း ဖော်ပြနေကြတာပါ။နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ ဘတ်ပီဟာ ရီးရယ်လ်ကို ပြောင်းရွှေ့ဖို့ထက် စာချုပ်သစ်ချုပ်ပြီး ပီအက်စ်ဂျီမှာ ဆက်နေတော့ မယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ပြင်သစ်တိုက်စစ်မှူးကတော့ သူ့ဆုံးဖြတ်ချက်ကို မကြာခင် ကြေညာမယ်လို့ ပြင်သစ်လီဂူးဝမ်း တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ရယူအပြီးမှာ ပြောထားခဲ့တာပါ။

ဘတ်ပီဟာ မတ်ဇ်နဲ့ကစားမယ့် ဒီရာသီ ပြင်သစ်လီဂူးဝမ်း နောက်ဆုံးပွဲအပြီးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကြေညာသွားလိမ့်မယ်လို့ ပြင်သစ်သတင်းစာတွေက ရေးသားနေကြတာဖြစ်ပါတယ်။ပီအက်စ်ဂျီအတွက်၂၁၆ ပွဲ ကစားပြီး ၁၆၈ ဂိုးသွင်းယူထားတဲ့ ဘတ်ပီရဲ့ အပြောင်းအရွှေ့သတင်းတွေဟာ လက်ရှိအချိန်မှာ လူစိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

Source:Goal