CNI Sport News

၂၀၂၂ ခုနှစ်၊ မေ ၃

မတ်လ က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်မှာ ဆာလတ် ကို လေဆာနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ကြောင့် ဆီနီဂေါ ကို ဖီဖာက ဒဏ်ကြေးငွေ ပေါင်( ၁ သိန်း ၄ သောင်း ၃ ထောင်) ချမှတ် လိုက်ပါတယ်။

ဆာလတ် ဟာ ဆီနီဂေါ ပရိသတ်တွေရဲ့ လေဆာနဲ့ထိုးပြီး အနှောင့်အယှက်ပေးခံခဲ့ရတာကြောင့် အရေးကြီးတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာပါ။ဒါ့အပြင် သူနဲ့ အသင်းဖော်တွေဟာ ဥမင်လှိုဏ်ခေါင်းထဲကို ဝင်သွားချိန်မှာ အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အီဂျစ်အက်ဖ်အေ က သူတို့ရဲ့ ကစားသမားတွေဟာ လူမျိုးရေး ခွဲခြားခံရတယ်လို့ စွပ်စွဲထားတာပါ။နှစ်ကျော့ပေါင်းရလဒ် (၁) ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲမှာ ဆီနီဂါ အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရမယ့် အဆုံးအဖြတ်ပင်နယ်တီကို မာနေးက သွင်းယူခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အပြုအမူကြောင့် ဖီဖာ က ဒဏ်ကြေးငွေနဲ့ ပွဲတစ်ပွဲကို တံခါးပိတ်ကစားစေဖို့ ဆီနီဂေါ အသင်းကို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။အငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲကြောင့် အီဂျစ် အသင်းဟာ ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်လို့ မရတော့တာ ဖြစ်ပါတယ်။ဒီပွဲရဲ့ ပထမအကျော့မှာ အီဂျစ် အသင်းက ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာ ဆီနီဂေါ အသင်းက အဆိုပါရလဒ်နဲ့ ပြန်လည်အနိုင်ရခဲ့တာပါ။

အဲဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဆီနီဂေါ ပရိသတ်တွေရဲ့ လေဆာနဲ့ထိုးပြီး အနှောင့်အယှက် ပေးမှုတွေကြောင့် အီဂျစ်အသင်းဟာ ပင်နယ်တီ (၄) လုံးကန်သွင်းရာ (၃) လုံး လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒီ လွဲချော်မှုမှာ ဆာလတ်ရဲ့ကန်သွင်းမှုလည်း ပါဝင်ခဲ့ပြီး ဂိုးဘားပေါ် ထောင်တက်သွားခဲ့တာပါ။ ဖီဖာ ဟာ ဆီနီဂေါ အသင်းကိုတင် မဟုတ်ဘဲ အာဖရိကအသင်းဖြစ်တဲ့ နိုက်ဂျီးရီးယား အသင်းကိုလည်း ဒဏ်ကြေးငွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုက်ဂျီးရီးယား ပရိသတ်တွေဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂါနာ အသင်းကို အရေးနိမ့်ပြီးနောက် ဒေါသထွက်နေတဲ့ ပရိသတ်တွေဟာ ကွင်းအတွင်းဝင်ရောက်ပြီး ဖျက်ဆီးမှုတွေပြုလုပ်ခဲ့တာပါ။အဲဒါကြောင့် ဖီဖာဟာ နိုက်ဂျီးရီးယား ကို ပေါင်(၁ သိန်း ၂ သောင်း ၅ ထောင်) ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

Source:TheSun