CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၃၀

ပီအက်စ်ဂျီ အသင်းတိုက်စစ်မှူး မက်ဆီ ဟာ အတော်အတန်ဝေးကွာတဲ့ အကွာအဝေးကနေ ဘောလုံး(၃) လုံးကို ပုံးတစ်ခုထဲကို ဝင်အောင်ကန်သွင်းပြသွားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပရိသတ်အချို့ကတော့ ဒီဗီဒီယိုဟာ အတု ဖြစ်တယ်လို့ ဝေဖန်နေကြတာပါ။

အသက်(၃၄) နှစ်အရွယ်ရှိ မက်ဆီ ဟာ Adidas ရဲ့ Diamond Edge ဖိနပ်အသစ်ကြော်ငြာမှာ သူ့ရဲ့ ဘောလုံး အရည်အသွေးကို ပြသခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကို မက်ဆီ ရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာဖြစ်ပြီး ဘောလုံး (၃) လုံးကို ပုံးတစ်ခုထဲကို ဝင်အောင်ကန်သွင်းခဲ့ကာ တစ်လုံးမှ လွဲချော်ခဲ့ခြင်းမရှိခဲ့ပါဘူး။ မက်ဆီဟာ ဘောလုံး (၃)လုံး လုံးဝင်အောင်ကန်သွင်းအပြီးမှာ ကင်မရာဘက်ကို လက်မထောင်ပြခဲ့တာလည်းဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီဗီယိုနဲ့အတူ “ ၁ ၂ ၃ Adidas ရဲ့ Diamond Edge က ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေပါတယ်” လို့ ရေးသားခဲ့တာပါ။Adidas က မက်ဆီ ရဲ့ ပို့စ်အောက်မှာ Goat ရဲ့ အရာတွေပါပဲလို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း “အရိုးရှင်းဆုံးက အကောင်းဆုံးအရာတွေပါပဲ” ၊ “သူကိုယ်တိုင်က ဘောလုံးဖြစ်နေပါပြီ” ဆိုတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

ပရိသတ်အချို့ကတော့ မက်ဆီ တကယ်ကိုယ်တိုင်ကန်သွင်းခဲ့တယ်ဆိုတာ လက်မခံဘဲ ဗီဒီယိုရဲ့လှည့်ကွက်တွေ ဖြစ်တယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “Adidas အတွက် ကြော်ငြာရိုက်ပေးတာပါ။ အတုကြီးဆိုတာ သိသာပါတယ်”လို့ရေးသားခဲ့တာပါ။နောက်ထပ်တစ်ဦးကလည်း “သူက အလွန်ကောင်းပေမယ့် ဗီဒီယိုကတော့ အတုပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ဟာလန်းရဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အလားတူ အငြင်းပွား ဖွယ် ဖြစ်ရပ်မျိုးဖြစ်ခဲ့သေးပါတယ်။

ဟာလန်း ဟာ အဲဒီတုန်းက ဘောလုံး (၃)လုံးကို ထပ်တင်ထားပြီး တစ်လုံးချင်းကို ပစ်မှတ်တစ်ခုတည်း ကန်သွင်း ပြခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် တစ်လုံးကန်တဲ့အချိန်မှာ နောက်တစ်လုံးက မရွေ့သွားတာကြောင့် ပရိသတ်အချို့ က အတုအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Source:TheSun