CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂

ပိုင်ရှင် အသစ်အနေနဲ့ ဒါဘီအသင်းအတွက် ခိုင်မာတဲ့ အနာဂတ်ကို အာမခံချက် မပေးနိုင်ဘူးဆိုရင်တော့ အခုရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ နည်းပြဖြစ်သူ ဝိန်းရွန်နီက ပြောလိုက်ပါတယ်။

ဒါဘီ အသင်းဟာ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အစိုးရ စီမံအုပ်ချုပ်မှုအောက်ကို ရောက်ရှိနေတာပါ။ EFL ကလည်း ရာသီအကုန်ထိသာ ရန်ပုံငွေ အထောက်အထား ပေးထားပြီး အခြေအနေတွေ ပြောင်းလဲခြင်း မရှိဘူးဆိုရင်တော့ ၁၃၈ နှစ် သက်တမ်းရှိတဲ့ ဒါဘီအသင်းဟာ ဖျက်သိမ်းခံရဖွယ်ရှိနေပါတယ်။

ဒါဘီ အသင်းဟာ လက်ရှိအချိန်မှာ ရမှတ်ပေါင်း ၂၁ မှတ်အထိ အနုတ်ခံထားရပေမယ့် နည်းပြ ဝိန်းရွန်နီ အပါအဝင် ကစား သမားတွေဟာ အသင်း တန်းဆင်းဇုန်က လွတ်မြောက်အောင် အကောင်းဆုံး ကြိုးစားနေကြတာပါ။

ဝိန်းရွန်နီဟာ အခုရာသီကုန်တဲ့အထိ ဒါဘီအသင်းကို ကိုင်တွယ်မှာ ဖြစ်ပေမယ့် ဒီထက်ပိုပြီး ဆက်ရှိဖို့တော့ အာမ မခံထား ပါဘူး။

ဒါဘီအသင်းနည်းပြ ဝိန်းရွန်နီ(The Japan Times)

ဝိန်းရွန်နီက “ကျနော်ဟာ ရာသီကုန်ထိ ပြီးဆုံးသွားအောင် လုပ်ပါမယ်။ ပြီးရင် အသင်းနဲ့ ကျနော် ဘယ်လို ရှေ့ဆက်သွားရ မလဲဆိုတာကို စဉ်းစားရပါမယ်။ ဒါတွေကို လုပ်ဆောင်ဖို့ တစ်ခုတည်းသော နည်းလမ်းက အသင်းမှာ ပိုင်ရှင် အသစ် ရဖို့ပါပဲ။ ကျနော်ဟာ ကလပ်၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကိုချစ်ပြီး ဆက်လည်း သွားချင်ပါတယ်။ ဒါပေမယ့် ကျနော့်အလုပ် ကို လုပ်ဆောင်နိုင်ဖို့ နေရာတစ်ခုတော့ ရှိရမှာပါ”လို့ ပြောခဲ့ပါတယ်။


ဒါ့အပြင် ဝိန်းရွန်နီက “ကလပ်က ဘယ်ကိုသွားနေလဲ ဒါမှမဟုတ် ဒီမှာပဲ ဆက်ရှိ နေမလားဆိုတာကို ကျနော်မသိပါဘူး။ ဒါကြောင့် ကလပ်အတွက်ရော ကျနော့်အတွက်ပါ အနာဂတ်ဆိုတာကို မသိပါဘူး။ အာမခံချက် လိုပါတယ်။ စီမံအုပ်ချုပ်တဲ့ သူတွေကလည်း အတက်နိုင်ဆုံး ကြိုးစားနေတယ်ဆိုတာကို ကျနော်သိပါတယ်။ အသင်းကို ဝယ်မယ့်သူတွေ အမြန်ဆုံး အလို ရှိပါတယ်။ ဒါကလည်း အခုဖြစ်ရမှာပါ”လို့ ပြောခဲ့ပါတယ်။

နယူးကာဆယ် အသင်းပိုင်ရှင်ဟောင်း မိုက်အက်ရှ်လေကလည်း ဒါဘီအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ သတင်း တွေ ထွက်ပေါ်နေပါတယ်။

ပိုင်ရှင်အသစ်အနေနဲ့လည်း EFL က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေး အခြေအနေတွေနဲ့ ကိုက်ညီမှု မရှိဘူးဆိုရင်တော့ ဒါဘီ အသင်းအနေနဲ့ လာမယ့်နှစ် ရာသီအစမှာ အနည်းဆုံး ၁၅ မှတ် အလျေ့ာခံရမှာ ဖြစ်တယ်လို့ စပေါ့မေးလ်က အခုအပတ်မှာ ဖော်ပြခဲ့ပါတယ်။

ဝိန်းရွန်နီက “လာမယ့်ရာသီအတွက် ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ လေ့ကျင့်ရေး ကွင်းတွေနဲ့ ဝတ်စုံတွေ လိုအပ်ပါလိမ့်မယ်။ ဒီလိုကိစ္စ အများအပြားကို ကိုင်တွယ် ဖြေရှင်းဖို့ လုပ်ဆောင်သင့်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

Source: Daily Mail