CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၅

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းမြက်ခင်းပြင်ဟာ ပြီးပြည့်စုံမှု မရှိဘူးလို့ ပြစ်တင်လိုက်ပါတယ်။ မတ်လ ၁၅ ရက် မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးမရှိသရေ ကျခဲ့ပြီးနောက် ဂွာဒီယိုလာက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီပွဲမှာ ပဲလေ့စ်အသင်းကို ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းမှုအပိုင်းမှာ သိသိသာသာ သာလွန်ခဲ့ ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာပါ။ ဒီပွဲမှာ မန်စီးတီးအသင်း သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု မှာ ပိုမိုအသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဒုတိယနေရာက လီဗာပူးလ် အသင်းကို ၄ မှတ် ဖြတ်ပြီး ဦးဆောင်နေတာ ဖြစ်ပေမယ့် လီဗာပူးလ် အသင်းက ပွဲကစားဖို့ တစ်ပွဲကျန်ရှိနေတာပါ။

ဂွာဒီယိုလာက “ကစားစရာပွဲတွေ အများကြီးရှိသေးသလို ကျနော်တို့ အနိုင်ရမယ့် ပွဲတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ ကစားပုံက အသင်းအတွက် နောင်တရစရာ မရှိပါဘူး။ ကျနော်တို့ အနိုင်ရဖို့ကိုပဲ လိုချင်ခဲ့ပေမယ့် ပွဲမှာ တော့ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပါတယ်။ ကျနော်တို့ အနိုင်ရဖို့ ပွဲကစားခဲ့တယ်။ အခွင့်အရေးတွေလည်း ပိုပြီး ဖန်တီးနိုင် ခဲ့ပါ တယ်။ ကျနော်တို့ဟာ ပြီးပြည့်စုံခြင်းမရှိတဲ့ မြက်ခင်းပြင်နဲ့အတူ ခက်ခဲတဲ့ကွင်းမှာ ကစားပုံကတော့ အံ့သြစရာ ကောင်းခဲ့ပါ တယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

ဂွာဒီယိုလာကို တွေ့ရစဉ်(SI)

မန်စီးတီး အသင်းဟာ ဒီရာသီ ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂)ပွဲလုံးမှာ နိုင်ပွဲလည်း မရခဲ့သလို ဂိုးလည်းသွင်း ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ အိမ်ကွင်းမှာ ကစားခဲ့တုန်းက ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါ။ ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပွဲချိန်ကုန်ဆုံးတဲ့ အချိန်ထိ လူစားလဲမှု မပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကစားခဲ့တဲ့ ကစားသမားတွေဟာ ကစားပုံကောင်းခဲ့တာကြောင့် ကျနော် အပြောင်းအလဲမပြု လုပ်ခဲ့ပါဘူး။ ကျနော်တို့ ဂိုးမသွင်းနိုင်ခဲ့လို့ ဒါဟာ အမှားပါ။ အသင်းရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည်တွေကိုတော့ အလွန်ကျေနပ်မိပါတယ်။ ပဲလေစ့် အသင်းရဲ့ ကစားပုံကလည်း ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ မတ်လ ၂၀ ရက်မှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဆောက်သမ်တန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal