CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၂
ဗြိတိန်တင်းနစ် အကျော်အမော် အန်ဒီမာရေးဟာ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲရဲ့ ပထမအဆင့်မှာ တာရိုဒန်နီရယ်လ်ကို အနိုင်ရပြီး နောက် ကစားသမားဘဝ ATP နိုင်ပွဲ(၇၀၀) ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အန်ဒီမာရေးဟာ ဂျပန်တင်းနစ်ကစားသမား တာရိုဒန်နီရယ်လ်ကို (၁-၆)၊ (၆-၂)၊ (၆-၄)နဲ့ အနိုင်ရရှိခဲ့တာပါ။ အန်ဒီမာရေးဟာ ဒုတိယအဆင့်မှာ ကမ္ဘာ့အဆင့်(၃၃) ကာဇက်စတန် တင်းနစ်ကစားသမား ဘူဘီလစ်ခ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဗြိတိန်တင်းနစ် ကစားသမားက (၇၀၀)မြောက် နိုင်ပွဲရသွားတာက သူ့အတွက် အဓိပ္ပာယ် အများကြီးရှိတယ်လို့ ပြောခဲ့ပါ တယ်။
အန်ဒီမာရေးက “လွန်ခဲ့တဲ့ (၄)၊ (၅)နှစ်က ဒီလိုမျိုး ရည်မှန်းချက် မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ အရာ တွေဟာ သေးငယ်တဲ့ မှတ်တိုင်တစ်ခုလိုပါပဲ။ ပြီးခဲ့တဲ့နှစ်အကုန်က ကျနော့်ရည်မှန်းချက် နိုင်ပွဲ(၈၀၀)ရရှိနိုင်အောင် ကြိုးစားဖို့ ပါ။ ဒါပေမယ့် အရင်ဆုံး နိုင်ပွဲ(၇၀၀)ရရှိအောင် ကြိုးစားကြည့်ရတာပေါ့။ ကျနော့်ရဲ့ အကောင်းဆုံး နှစ်တွေမှာ ပွဲပေါင်း(၆၅)နဲ့ (၈၀)ပွဲကြား အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒါကြောင့် လာမယ့်နှစ်တွေမှာ ပွဲပေါင်း(၄၀)နဲ့ (၅၀)ကြား အနိုင်ရခဲ့ရင် ဒါကို သေချာပေါက် လုပ်ဆောင်နိုင်မှာပါ။ ဒီနှစ်မှာတော့ နိုင်ပွဲ(၉)ပွဲ ရရှိထားပြီး ကောင်းမွန်စွာ မကစားနိုင်ဘူးလို့ ကျနော်ထင်ကြောင်း” ပြောခဲ့ပါ တယ်။
အန်ဒီမာရေးကိုတွေ့ရစဉ်(Yahoo Sports)
အန်ဒီမာရေးနဲ့ တာရိုဒန်နီရယ်လ်တို့ဟာ အခုနှစ်အတွင်း (၃)ကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ သြစတြေးလျ အိုးပန်း ပြိုင်ပွဲမှာ တာရိုဒန်နီရယ်လ် အနိုင်ရခဲ့ပြီး အခု အင်ဒီးယန်းဝဲလ်ပြိုင်ပွဲနဲ့ ဒိုဟာပြိုင်ပွဲမှာတော့ အန်ဒီမာရေးက အနိုင်ရရှိခဲ့ တာ ပါ။ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲကို နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ မက်ဗီးဒပ်ဗ်၊ ရာဖေးလ်နာဒယ်လ်၊ ဇက်ဗာရက်ဗ်၊ ဆစ်ဆီ ပတ်စ်နဲ့ ဘာရက်တီနီတို့ ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
ဂျိုကိုဗစ်ကတော့ ကိုဗစ် ကာကွယ်ဆေး မထိုးတာကြောင့် ဒီပြိုင်ပွဲကနေ နုတ်ထွက်ခဲ့တာပါ။ အင်ဒီးယန်းဝဲလ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အမျိုးသားကစားသမားကတော့ ဖက်ဒဲရားနဲ့ ဂျိုကိုဗစ် ဖြစ်ပြီး (၅)ကြိမ်စီ ဗိုလ်စွဲထားတာ ဖြစ်ပါတယ်။
Source: BBC