CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၄

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က လေယာဉ်နဲ့ သွားလို့မရရင် အသင်းသားတွေကို သူကိုယ်တိုင် ကား မောင်းပြီး လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲသွားကစားမယ်လို့ ပြောဆိုလိုက်ပါတယ်။

တူချယ်လ် က “ကျနော် နောက်ဆုံးပေးချင်တဲ့ သတင်းအချက်အလက်ကတော့ ကျနော်တို့မှာ လေယာဉ် ရှိပါ တယ်။ ဒီလေယာဉ်နဲ့ အသွားအပြန်လုပ်လို့ရပါတယ်။ တကယ်လို့ လေယာဉ်နဲ့ သွားလို့မရရင် ရထားနဲ့ သွားမယ်။ အဲ့လို့မှမရလည်း ဘတ်စ်ကားနဲ့ သွားမယ်ဗျာ။ ဒီလိုလည်း မရရင်တော့ (၇)ယောက်ထိုင်ခုံ ပါဝင်တဲ့ ကားကို ကျနော် ကိုယ်တိုင်မောင်းနှင်မယ်။ကျနော် ဒါကို ဖြစ်အောင်လုပ်မယ်။အဲ့ဒီနေရာကို ရောက်အောင် သွားပါမယ်”လို့ ပြောခဲ့ တာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ဒီတစ်ပတ်ကြားရက်မှာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် လိုင်လီ အသင်း အိမ်ကွင်းမှာသွားရောက်ကစားရမှာဖြစ်ပြီး ပထမအကျော့အဖြစ် အိမ်ကွင်းမှာ ကစားခဲ့တုန်းက ချယ်လ်ဆီး အသင်းဟာ ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက် အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကြောင့် ချယ်လ်ဆီး အသင်းဟာ အဝေးကွင်းကို ခရီးထွက်ပြီး သွားရောက်ကစားရတဲ့ ပွဲတွေ မှာ အသုံးစရိတ်ကို အကန့်အသတ်နဲ့သာ သုံးစွဲရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ပိတ်ဆို့မှုတွေခံနေရပေမယ့် အထူးလိုင်စင်နဲ့ပွဲတွေဆက်လက်ယှဉ်ပြိုင်နေရတာပါ။ အသင်းဝယ်ယူနိုင်ဖို့အတွက် လေလံဆွဲမယ့်ရက်ကို မတ်လ(၁၈)ရက်နေ့အထိ တိုးမြှင့်ထားကြောင့် ကလပ်ကို ရောင်းချနိုင်မယ့် အစီအစဉ်တွေဟာ ဆက်လက်ရှိနေနိုင်သေးတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အကြွေးဝယ်ကတ်နဲ့ ဘဏ်အကောင့်တွေပါ ယာယီရပ်ဆိုင်းခံထားရတာကြောင့် ဘဏ္ဍာရေးအခြေအနေနဲ့ ပတ်သက်ပြီး အခက်အခဲတွေ ရှိနေတာပါ။

ဒါပေမယ့် ချယ်လ်ဆီး အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေဖြစ်တဲ့ နောဝစ်ချ်နဲ့ နယူးကာဆယ် ပွဲတွေမှာ နိုင်ပွဲရခဲ့ပြီး သူတို့ရဲ့ စိတ်ဓါတ်သန်မာမှုကို ပြသနိုင်ခဲ့ပါတယ်။

Source:Goal