CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၁၂
ဘောလွန်းဒီအောဆုပေးပွဲကို ကျင်းပတဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ပြက္ခဒိန်တစ်နှစ်အတွင်း စွမ်းဆောင်ရည် တွေကို အကဲဖြတ်တော့မှာမဟုတ်ဘဲ တစ်ရာသီအတွင်း စွမ်းဆောင်ရည်တွေကိုသာ အကဲဖြတ်တော့မှာ ဖြစ်ပါတယ်။
ဘောလွန်းဒီအောဆုပေးပွဲအတွက် ဆုရွေးချယ်ပေးတဲ့သူအရေအတွက်ကိုလည်း လျှော့ချလိုက်ပြီဖြစ်ပါတယ်။ အရင်က အမျိုးသားဘောလွန်းဒီအောဆုအတွက် ဂျာနယ်လစ်(၁၇၀)ဦးက မဲပေးရွေးချယ်ရတာဖြစ်ပြီး အခု (၁၀၀)ဦးသာ မဲပေးရတော့မှာပါ။ အမျိုးသမီးဘောလွန်းဒီအောဆုအတွက်ကတော့ ဆုရွေးချယ်သူ(၅၀)ဦး ပါဝင်မှာဖြစ်ပါတယ်။
ပြင်သစ်ဘောလုံး အယ်ဒီတာ ပါစကယ်လ်ဖာရီက “ဒါကို မဆုံးဖြတ်ခင် ရာသီဝက်(၂)ခုကို အခြေခံခဲ့တာ ဖြစ်ပါ တယ်။ ဒါက ပိုပြီးရှင်းပါလိမ့်မယ်။ ဒါဟာ တွန်းအားအသစ်ပေးနိုင်မယ့် အခွင့်အရေးတစ်ခုပါပဲ”လို့ ပြောခဲ့တာပါ။ ပြီးခဲ့တဲ့(၂၀၂၁)ခုနှစ်အတွက် ဘောလွန်းဒီအောဆုရှင်အဖြစ် ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီကို ရွေးချယ်ခဲ့ပြီး နောက် ဝေဖန်မှုတွေ ကြီးကြီးမားမားခံခဲ့ရတာဖြစ်ပါတယ်။ လူတွေအများအပြားက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီး ဟာ ဒီဆုကို ရဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
အဲဒါကြောင့်လည်း ပြင်သစ်ဘောလုံးက ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ ဘောလွန်း ဒီ အောဆုကို စံချိန်တင်(၇)ကြိမ်မြောက်ရခဲ့ပေမယ့် တစ်ရာသီအတွင်း ဘွန်ဒစ်လီဂါသွင်းဂိုး(၄၁)ဂိုးနဲ့ အမှတ်ပေး ဖလား(၉)ကြိမ်ဆက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လီဝန်ဒေါစကီး က ဒုတိယသာ ရရှိခဲ့တာပါ။ ကစားသမား တစ်ဦးရဲ့ အသင်းက ရရှိတဲ့ ဆုဖလားတွေထက် ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်အပေါ်မှာသာ ပိုမို အလေးထားဆောင်ရွက်သွားမယ်လို့ ပါစကယ်လ်ဖာရီ က ပြောခဲ့တာဖြစ်ပါတယ်။
လာမယ့်ဘောလွန်းဒီအောဆုပေးပွဲကို စက်တင်ဘာ ဒါမှမဟုတ် အောက်တိုဘာ(၂၂)ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး အမျိုးသမီးယူရို(၂၀၂၂) ပြိုင်ပွဲနဲ့အတူ ဇူလိုင်လမှာပြီးဆုံးမယ့် ရာသီအပေါ်မှာသာ အခြေခံဆုံးဖြတ်သွားမှာ ဖြစ်ပါ တယ်။
Source:BBC