CNI Sport News
၂၀၂၂ ခုနှစ်၊ မတ်လ ၄
အာဆင်နယ်အသင်းရဲ့ အဓိက ရှယ်ယာရှင်ဟောင်းဖြစ်တဲ့ အူစမန်နော့ဗ်နဲ့ ရုရှားဒုတိယဝန်ကြီးချုပ်ဟောင်း ရူဗာလော့ဗ် တို့ဟာ ဗြိတိန်ရဲ့ ဒဏ်ခတ်အရေးယူမှုကိုခံရတဲ့ သူတွေဖြစ်လာတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးက ပြောပါတယ်။
အူစမန်နော့ဗ်ဟာ အာဆင်နယ်အသင်းရဲ့ လက်ရှိပိုင်ရှင်ဖြစ်တဲ့ ခရွန်ကီကို ၂၀၁၈ ခုနှစ်က မရောင်းချခင် အာဆင်နယ် အသင်းရဲ့ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့တာပါ။ အဲ့ဒီနောက် အူစမန်နော့ဗ်ဟာ သူ့ရဲ့ ကုမ္ပဏီ USM ကနေတဆင့် ပရီးမီးယားလိဂ်ကလပ် အဲဗာတန် အသင်းနဲ့စီးပွားဖြစ် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ဒါတွေကို ဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။ ရုရှားဒုတိယ ဝန်ကြီးချုပ်ဟောင်း ရူဗာလော့ဗ်လည်း ဒဏ်ခတ်အရေးယူမှုကို ခံခဲ့ရတာပါ။
ပူတင်နဲ့ ရူဗာလော့ဗ်ကိုတွေ့ရစဉ်(Sky News)
ရူဗာလော့ဗ်ဟာ လက်ရှိမှာ ရုရှားနိုင်ငံပိုင် ဖွံဖြိုးတိုးတက်ရေးဘဏ် VEB.EF ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ဒီဘဏ်ဟာ အခုအပတ် အစော ပိုင်းကမှ ဗြိတိန်ရဲ့ ဒဏ်ခတ် အရေးယူမှု ခံထားရတဲ့ ရုရှားဘဏ် ၃ ခုထဲက ၁ ခုလည်း ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို အမေရိကန် ကလည်း ဒဏ်ခတ် အရေးယူကြောင်း ကြာသပတေးနေ့က ကြေညာခဲ့တာပါ။ သူတို့ ၂ ဦးရဲ့ ပေါင်းစပ်တန်ဖိုးဟာ ဒေါ်လာ ၁၉ ဘီလီယံ ရှိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးရုံးက ပြောပါတယ်။
အူစမန်နော့ဗ်နဲ့ ရူဗာလော့ဗ် တို့ဟာ မော်စကို က ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခဲ့တဲ့ ပြီးခဲ့တဲ့အပတ်ထဲက ဒဏ်ခတ် အရေးယူမှုကို ခံရတဲ့ ၁၂ ဦးနဲ့ ၁၃ ဦးမြောက် ရုရှားနိုင်ငံသားတွေ ဖြစ်လာခဲ့တာပါ။ ဒီဒဏ်ခတ် အရေးယူမှုထဲမှာ ရုရှားသမ္မတ ပူတင်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး တို့ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ပူတင်နဲ့ အူစမန်နော့ဗ်ကိုတွေ့ရစဉ်(Sky News)
ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်ကတော့ ပူတင်အနေနဲ့ အပြစ်မဲ့တဲ့ ယူကရိန်းပြည်သူတွေကို တိုက်ခိုက်မှုတွေဆက်ပြီး လုပ်နေမယ်ဆိုရင် ဗြိတိန်အနေနဲ့ ပူတင်နဲ့ သူ့ရဲ့ စစ်ယန္တရားအပေါ်မှာ စီးပွားရေးအရ အမြင့်ဆုံး နာကျင်မှုရအောင် ပြုလုပ် မယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေး အတွင်းဝန် ထရက်စ်က “ကျနော်တို့ ဒီမှာပဲ ရပ်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ရုရှားစီးပွားရေးကို ထိခိုက်စေပြီး ပူတင်ရဲ့ စစ်ယန္တရား ငတ်ပြတ်ဖို့ပါပဲ”လို့ ပြောပါတယ်။
Source: Sky News