CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁
အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားဟောင်း ဝီရှိုင်းယားဟာ အသင်းသစ်ဖြစ်တဲ့ ဒိန်းမတ်ကလပ် AGF အသင်းမှာ အပိုဆုကြေးတွေ မရခင် တပတ်လုပ်ခပေါင်(၅)ထောင်သာ ရရှိမှာဖြစ်တယ်လို့ Sun Sport က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ် မေလက ချန်ပီယံရှစ်ကလပ် ဘုန်းမောက် အသင်းကနေ ထွက်ခွာပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဝီရှိုင်းယား ဟာ အသင်းဟောင်း အာဆင်နယ်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။
အင်္ဂလန် ကစားသမားဟောင်းဟာ (၈)လကြာ အသင်းလက်မဲ့ဖြစ်ပြီးနောက် လက်ရှိအချိန်မှာ ဒိန်းမတ်ကလပ် AGF အသင်းက သူ့ကို စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ AGF အသင်းဟာ ဝီရှိုင်းယား ကို အခုရာသီအကုန်ထိသာ ကာလတို စာချုပ်ချုပ်ဆိုခဲ့ တာပါ။
ဒါပေမယ့် နောက်ထပ် သက်တမ်းတိုး စာချုပ်ချုပ်ဖို့တော့ ရွေးချယ်စရာအဖြစ် ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဝီရှိုင်းယားဟာ AGF အသင်းမှာ ကျောနံပတ်(၁၀)ဂျာစီကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
ဝီရှိုင်းယားကိုတွေ့ရစဉ်(Sky Sports)
ဝီရှိုင်းယားက “ခက်ခဲတဲ့ ကာလတွေကို ဖြတ်ကျော်တဲ့ ပြီးနောက်မှာ ဒီနေရာက ကျနော့်ရဲ့ အသက်မွေးဝမ်းကြောင်းကို ပြန်စဖို့ လိုအပ်နေတဲ့ နေရာတစ်ခုပါပဲ။ AGF က ကျနော့်ကို ဒီအခွင့်အရေး ပေးခဲ့ပါတယ်။ ဒီအတွက် ကျနအလွန်ကျေးဇူးတင်ပြီး မျှော်မှန်းချက်တွေအတိုင်း ရှင်သန်နိုင်ဖို့ တက်နိုင်တဲ့ အရာအားလုံးကို ကြိုးစားသွားမှာပါ”လို့ ပြောခဲ့တာပါ။
AGF အသင်းဟာ ဒိန်းမတ်စူပါလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နောက်ဆုံး ဆုဖလားကို ၁၉၉၆ က နောက်ဆုံးအကြိမ် ရရှိခဲ့တာ ဖြစ်ပါတယ်။
AGF အသင်းရဲ့ အားကစား ဒါရိုက်တာက “သူဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့ ပုံစံဖြစ်နေပေမယ့် ကစားပွဲရဲ့ ကြံ့ခိုင်မှုအား နည်းနေတယ်ဆိုတာတော့ သိသာပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေက မကြာခင် ရောက်လာတော့မှာပါ။ သူအခြေချပြီး ချိန် မှာ သူ့ကို အဖြူရောင်ဂျာစီနဲ့ တွေ့ရဖို့ ကျနော်တို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဝီရှိုင်းယားဟာ အင်္ဂလန်ရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးအဖြစ် အားလုံးက သတ်မှတ်ထားပေမယ့် ဒဏ်ရာတွေကြောင့် သူ့ရဲ့ ကစားသမားဘဝကို ထိခိုက်ခဲ့တာပါ။ ဝီရှိုင်းယားဟာ အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ၂၀၁၆ က နောက်ဆုံး ပါဝင်ကစား ခဲ့တာဖြစ်ပြီး ၃၄ ပွဲ ပါဝင်ကစားခဲ့ကာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
Source: The Sun