CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ကြောက်မက်ဖွယ်ရာ ကားတိုက်မှုအပြီးမှာ အချိန်ပြည့် ဂေါဖ့်ကစားသမားဘဝ ပြီးဆုံးသွားခဲ့ပြီလို့ တိုက်ဂါးဝုဒ်က ဝန်ခံလိုက်ပါ တယ်။ အသက်(၄၆)နှစ်အရွယ်ရှိ တိုက်ဂါးဝုဒ်ဟာ အဆိုပါ ကားတိုက်မှုကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး ခြေသလုံးရိုးနဲ့ ခြေဖျံ ရိုး ကျိုးသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့နံပတ်(၁) ဂေါဖ့်ကစားသမား တိုက်ဂါးဝုဒ်က ဂျီနီဆစ် အိုးပန်းပြိုင်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သူဟာ ဒီမတော်တဆမှု ဖြစ်ပြီးကတည်းက လမ်းလျှောက်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူဟာ ဒီလို အခြေအနေတွေကြောင့် ဂေါဖ့်ကွင်းမှာ သူ့ရဲ့ အချိန်တွေကို ကန့်သတ်ထားခဲ့ပြီး PGA Tour ပြိုင်ပွဲတွေကိုတော့ ပြန်လာနိုင်ဖို့ မသေချာတော့ ပါဘူး။

တိုက်ဂါးဝုဒ်က “ကျနော် ပြန်လာပြီး အချိန်ဇယားအပြည့်နဲ့ ကစားမှာလားဆိုရင် မကစားတော့ပါဘူး။ ဘယ်တော့မှ ထပ် မဖြစ်လာတော့ပါဘူး။ ကျနော် ပွဲစဉ်တချို့ကို ကစားနိုင်ပေမယ့် အချိန်ပြည့်အဆင့်တော့ မကစားနိုင်တော့ပါဘူး။ အဲဒါက ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ကျနော်ရဲ့ ဂေါ့ဖ်နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတွေဟာ အလွန် အကန့်အသတ် ရှိပါတယ်။ ကျနော်ဟာ လမ်းလျှောက်နိုင်တဲ့ အပိုင်းကို လုပ်ဆောင်နေတုန်းပါပဲ။ ဂေါက်ကွင်းကို လမ်းလျှောက်ရတာက အလွန်ကွဲပြားပါတယ်။ ကျနော် သွားရမယ့်လမ်းက အရှည်ကြီးပါ။ ဒီအရွယ်မှာ မြန်မြန် မသက်သာပါဘူး။ စိတ်ရှုပ်စရာတွေ ပါပဲ”လို့ ပြောပါတယ်။

တိုက်ဂါးဝုဒ်ကိုတွေ့ရစဉ်(The Sun)

တိုက်ဂါးဝုဒ်ဟာ ၂၀၂၀ ကတည်းက အဓိကပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေမယ့် ၂၀၂၁ PNC ချန်ပီယံရှစ်ပြိုင်ပွဲမှာ တော့ သားဖြစ်သူ ချာလီနဲ့ တွဲဖက်ပြီး ကစားခဲ့တာပါ။ တိုက်ဂါးဝုဒ်ဟာ ကြောက်မက်ဖွယ်ရာ ကားတိုက်မှု မဖြစ်ပွားခင်က သူ့ရဲ့ နောက်ကျောဒဏ်ရာကို (၅)ကြိမ်မြောက် ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ဂါးဝုဒ်ဟာ မာစတာ ပြိုင်ပွဲမှာ ၂၀၁၉ က နောက်ဆုံးအကြိမ် ချန်ပီယံဆုကို ရယူထားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် နာမည်ကြီး ကစားသမား တိုက်ဂါးဝုဒ်ဟာ အဓိက ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို (၁၅)ကြိမ် ရရှိထားတာဖြစ်ပြီး သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ဂေါဖ့်ကစားသမားအဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။

Source: The Sun