CNI Sport News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈
ဘရာဇီးလ်ဂန္တဝင် ကစားသမား အက်ဒရီယာနိုဟာ နောက်ဆုံးမိနစ်မှာ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပြီးနောက် သူ့ကိုယ်သူ ပျော်ရွှင်စေဖို့ ပြည့်တန်ဆာ ၁၈ ဦးအတွက် ပေါင် ၁၃၀၀၀ သုံးစွဲခဲ့ ဖူးပါတယ်။
အက်ဒရီယာနိုဟာ ဘရာဇီးလ် ကလပ် ပါရာနန်ယန်စီ အသင်းကနေ ထွက်ခွာပြီးနောက် ၂၀၁၅ ခုနှစ်က ပြင်သစ်ကလပ် လီဟာဗေး အသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့တာပါ။
ပြင်သစ်ကလပ် လီဟာဗေးအသင်းဟာ အက်ဒရီယာနိုကို စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာကို ကစားသမားကလည်း သဘော တူညီခဲ့ပါတယ်။ ဒါပေမယ့် လီဟာဗေးအသင်းရဲ့ပိုင်ရှင် အပြောင်းအလဲကြောင့် နောက်ဆုံးမိနစ်မှာ အပြောင်းအရွှေ့ ပျက်ပြယ် သွားခဲ့ပါတယ်။
အဲ့ဒါကြောင့် အက်ဒရီယာနိုဟာ သူ့ကိုယ်သူဖြေသိမ့်ဖို့ တခုတည်းသော နည်းလမ်းဖြစ်တဲ့ ပြည့်တန်ဆာအိမ်ကို သွားရောက်ခဲ့ ပါတယ်။ အက်ဒရီယာနိုဟာ ပြင်သစ်ကနေ ရီယိုဒီဂျနေးရိုးကို ပြန်ရောက်လာပြီးမှာ ပြည့်တန်ဆာ ၁၈ ဦးအတွက် ပေါင် ၁၃၀၀၀ သုံးစွဲခဲ့တာပါ။
အဲ့ဒီနောက်မှာ သူဟာ Motel Vip ရဲ့ သီးသန့်ပါတီပွဲကို ပြည့်တန်ဆာ အမျိုးသမီးအဖွဲ့ကို ခေါ်ဆောင်သွားခဲ့ပြီး မနက်မိုးလင်း တဲ့အထိ ပျော်ပါးခဲ့ပြီးတော့ နောက်ထပ် ပေါင် ၈၆၀၀ ကိုတောင် ထပ်မံ သုံးစွဲခဲ့ပါသေးတယ်။
အက်ဒရီယာနိုကိုတွေ့ရစဉ်(The Sun)
အက်ဒရီယာနိုဟာ ကွင်းပြင်ပက အကျင့်ဆိုးတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားသူလည်း ဖြစ်ပါတယ်။ ဘရာဇီးလ် ဂန္တဝင် ကစားသမားဟာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့လည်း စွပ်စွဲခံခဲ့ရပါသေးတယ်။
အက်ဒရီယာနိုဟာ ပြီးခဲ့တဲ့နှစ်က သူ့ရဲ့ ဆုတံဆိပ်တွေကလွဲပြီး သူ့ရဲ့နေအိမ်ကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူဟာ တစ်လကို ပေါင် ၁၀၀၀၀ နဲ့ ဇိမ်ခံဟိုတယ်ကို ပြောင်းပြီး နေထိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လကလည်း အက်ဒရီယာနိုဟာ လိုင်စင်မရှိဘဲ ကားမောင်းတာကြောင့် ဖမ်းခံခဲ့ရပြီး အသက်ရှူ စစ်ဆေးမှုကို ငြင်းဆန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာ ဖြစ်ပါတယ်။ အက်ဒရီယာနိုဟာ စီးရီးအေ ထိပ်သီး ကလပ်တွေဖြစ်တဲ့ ပါးမား၊ အင်တာမီလန်နဲ့ ရိုးမား အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။
အက်ဒရီယာနိုဟာ အင်တာမီလန် အသင်းနဲ့အတူ စီးရီးအေဖလား (၄)ကြိမ် ရယူနိုင်ခဲ့ပြီး ကိုပါအီတာလီယာနဲ့ စူပါကိုပါ အီတာလီယာ ဖလားတို့ကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ အက်ဒရီယာနိုဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ အတူ ၂၀၀၄ ကိုပါအမေရိကဖလားနဲ့ ၂၀၀၅ ဖီဖာကွန်ဖက်ဒရေးရှင်းဖလားတို့ကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။
Source: The Sun