CNI Sport News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁

အာဆင်နယ်အသင်းဟာဆိုရင် အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းကို စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့် အူဘာမီယန်းဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ သွားခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့နှစ်က အိုဇေးလ်ကို ပြုမူခဲ့တဲ့ ပုံစံအတိုင်းပဲ အူဘာမီယန်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ရိုးရိုင်းရှင်းရှင်းပဲ ထွက်ခွာခွင့်ပြုခဲ့တာပါ။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အဆင်ပြေ သွားခဲ့တာပါ။ အူဘာမီယန်းဟာ ဘာစီလိုနာအသင်းကို အခုနှစ် ရာသီအကုန်ထိ အပြင် နောက်ထပ် တစ်နှစ်သက်တမ်း တိုးခွင့် ပါတဲ့ သဘောတူညီချက်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

                                                                                                              အူဘာမီယန်းကိုတွေ့ရစဉ်(Barca Universal)

အဲ့ဒါကြောင့် အာဆင်နယ်အသင်း အနေနဲ့ အူဘာမီယန်းအတွက် ပေးချေရမယ့် လုပ်ခလစာတွေကို မပေးရတော့ဘဲ သက်သာ သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်းရဲ့ လက်ကျန် စာချုပ်သက်တမ်း ၁၈ လ စာချုပ်အတွက် ပေါင် ၂၆ သန်း ပေးချေရမယ့် လုပ်ခလစာ သက်သာသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းအနေနဲ့ ဘဏ္ဍာရေး အခက်အခဲတွေ ဖြစ်နေတဲ့အတွက် အူဘာမီယန်းဟာ လုပ်ခလစာ လျှော့ယူသွားရမှာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူပြီး အသင်းကို ပြန်လည် အင်အားတောင့်တင်းအောင် လုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဆိုရင် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဖာရန်တောရက်စ်၊ အဒမ်မာထရာအိုရေးနဲ့ အူဘာမီယန်းတို့ကို ခေါ်ယူထားပြီ ဖြစ်ပါတယ်။

Source: The Sun