၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၀

မန်ချက်စတာယူနိုက်တက်အသင်း ယာယီနည်းပြ ရက်ဂ်နစ်က ဘရန်ဖို့ဒ်နဲ့ပွဲမှာ လူစားလဲခံရလို့ စိတ်ပျက်နေတဲ့ ရော်နယ်ဒိုရဲ့ အပြုအမူဟာ ပုံမှန်ပါပဲလို့ ပြောလိုက်ပါတယ်။

ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းက ဘရန်ဖို့ဒ်အသင်းကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အတွက် ဂိုးတွေကို အီလန်ဂါ၊ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဘရန်ဖို့ဒ်အတွက် ချေပဂိုးကို တိုနေးက သွင်းယူခဲ့တာပါ။ ပေါ်တူဂီ ကစားသမားဟာ မန်ချက်စတာယူနိုက်တက်အသင်းက ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့ အချိန် ပွဲချိန် ၇၁ မိနစ်မှာ မက်ဂွဲယားနဲ့ လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ လူစားလဲခံရတဲ့ အချိန်မှာ စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲကနေ တတွတ်တွတ် ရေရွတ်ရင်း ထွက်လာခဲ့တာပါ။ ရော်နယ်ဒိုဟာ အရန်ခုံတန်းအရောက်မှာ အသင်းကပေးတဲ့ ကုတ်အင်္ကျီကိုတောင် မြေပြင်ပေါ်ကို လွှင့်ပစ်ကာ ဒေါသထွက်နေ ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ရက်ဂ်နစ်က ရော်နယ်ဒိုကို လူစားလဲတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ပြန်လည်ရှင်းပြခဲ့တာ ကြောင့် နောက်ပိုင်းမှာ ကစားသမားဟာ ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုကိုတွေ့ရစဉ်။(Goal)

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေပေမယ့် ၂ ဂိုး ပြန်လည်ပေးခဲ့ရကာ သရေ ကျခဲ့တာပါ။ အဲ့ဒါကြောင့်လည်း နည်းပြ ရက်ဂ်နစ်ဟာ ဒီလိုမျိုး ထပ်အဖြစ်မခံနိုင်တာကြောင့် ရော်နယ်ဒိုကို လူစားလဲခဲ့ ရတာလို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒဏ်ရာကြောင့် ဗီလာနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ မပါဝင်နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

ရက်ဂ်နစ်က “ဒီနေ့ အခြေအနေကလည်း ပုံံစံချင်းသွားတူနေခဲ့ပါတယ်။အဲ့ဒါကြောင့် တူညီတဲ့ အမှားမျိုးကို ထပ်ပြီး အဖြစ်မခံ ချင်တော့ပါဘူး။ ကျနော် ပြောလိုက်တယ် ရော်နယ်ဒိုရေ မင်းနားထောင်ပါ။ မင်းက အသက်(၃၆)နှစ်ရှိပြီး ပုံသဏ္ဍာန်ကောင်း တွေလည်း ရှိပေမယ့် မင်းနည်းပြဖြစ်တဲ့ အချိန်ကျရင်တော့ နည်းပြတစ်ဦးရဲ့ မျက်မှန်ကနေတဆင့် ဒါကို မင်းတွေ့မြင်ရမှာပါ။ ကျနော့် အလုပ်က အသင်းနဲ့ ကလပ်ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ဆုံးဖြတ်တွေ ချဖို့ပါ။ သူလ ည်း ဒီလိုပဲ မြင်နိုင် မယ်လို့ ကျနော်မျှော်လင့်ကြောင်း”ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဝက်စ်ဟမ်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC