၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ စီရော်နယ်ဒိုက ဘရာဇီးလ်ဂန္တဝင် ကစားသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ရော်နယ်ဒင်ဟိုတို့ဟာ သူ့ရဲ့ စံပြကစားသမားတွေဖြစ်ပြီး သူတို့ကစားပုံတွေကို ကြည့်ပြီးတော့ ကြီးပြင်းလာခဲ့ တာလို့ ပြောလိုက်ပါတယ်။

လူတွေ အများအပြားလိုပဲ စီရော်နယ်ဒိုဟာ ဘရာဇီးလ် ကစားသမားဟောင်း ၂ ဦးရဲ့ ကမ္ဘာ့စင်မြင့်ထက်မှာ တောက်ပနေမှု တွေကို ဆယ်ကျော်သက်ဘဝက ကြည့်ရှုခဲ့တာဖြစ်ပြီး သူတို့ကို အတုယူနိုင်ဖို့ အိမ်မက်တွေ ရှိခဲ့တာပါ။ မန်ချက်စတာ ယူနိုက် တက် ကစားသမားဟာ အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့အထိ အကောင်းဆုံး ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ် ဂန္တဝင်ကစားသမား ၂ ဦးဟာ ကမ္ဘာ့ဖလားရခဲ့တဲ့ လက်ရွေးစင်အသင်းမှာ အတူတွဲကစားခဲ့ကြတာဖြစ်ပြီး အချိန် တိုင်းရဲ့ အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ စီရော်နယ်ဒိုကတော့ သူ့ရဲ့ တစ်ဦးချင်း အောင်မြင်မှုတွေ ဟာ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုထက် ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုမှာ ရောက်နေတယ်လို့ ယုံကြည်နေပါတယ်။

စီရော်နယ်ဒိုက “ကျနော် နှိုင်းယှဉ်ရတာကို မကြိုက်ပါဘူး။ ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုတို့ဟာ သူတို့ရဲ့ အမွေအနှစ်တွေ၊ သူတို့ ရဲ့ သမိုင်းကို ချန်ထားခဲ့တဲ့ သူတွေပါ။ တကယ်တော့ ကျနော်က သူတို့ ၂ ဦးထက် တစ်ဦးချင်း ဆုတံဆိပ်တွေ အများကြီးရ တယ်လို့ ပြောလို့ရပေမယ့် သူတို့ ၂ ဦးလုံးက ကမ္ဘာ့ဖလားကို ရယူနိုင်တဲ့သူတွေပါ။ သူတို့ကို ကြည့်ရင်းကြီးပြင်းလာခဲ့ ပါတယ်။ ဘယ်သူက အကောင်းဆုံးလဲ၊ ဘယ်သူက ဒုတိယလဲဆိုတာပြောဖို့က အရေးကြီးဆုံး မဟုတ်ပါဘူး။ သူတို့က ကျနော့်ရဲ့ စံပြ တွေ ဖြစ်တယ်လို့ ပြောရတာပိုကြိုက်ပြီး ဘောလုံးသမိုင်းမှာ လှပတဲ့အကြောင်းအရာတွေ ချန်ထားခဲ့တယ်”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ ရော်နယ်ဒင်ဟိုကိုတွေ့ရစဉ်။(The Times)

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ပေါင် ၁၂ ဒသမ ၈ သန်းနဲ့ ဂျုဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန် လည် ရောက်ရှိလာခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီမှာ ခြေစွမ်းပိုင် ပြန်လည်ကောင်းမွန်လာဖို့ ရုန်း ကန်နေရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး သွင်းယူထားပေမယ့် မကြာသေးခင်က ပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့် ဝေဖန်မှုခံခဲ့ရတာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလား အများအပြား ရယူနိုင်ပေမယ့် ပြီးပြည့်စုံတဲ့ ကစားသမား တစ်ဦးဖြစ်ဖို့ အတွက် ကမ္ဘာ့ဖလား ရယူနိုင်ဖို့ လိုအပ်နေသေးတာပါ။ လက်ရှိအချိန်မှာတော့ ပေါ်တူဂီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိဖို့အတွက် ပလေးအောဖ့်အဆင့် ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ခြေစစ်ပွဲ အောင်ခဲ့ရင်တော့ အသက်(၃၆)နှစ်အရွယ်ရှိ ရော်နယ်ဒိုအတွက် နောက်ဆုံးယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ဖြစ်သွားနိုင်တာ ဖြစ်ပါတယ်။

Source: The Sun