CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၁၆
လီဗာပူးလ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို ၄ ဂိုး-၂ ဂိုးနဲ့ အရေးနိမ့်ပြီး စိတ်ပျက်စရာကောင်းတဲ့ ရာသီ ကြုံတွေ့နေရတဲ့အပေါ် ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို သူနားလည်တယ်လို့ နည်းပြအာနီဆလော့က ပြောခဲ့ပါ တယ်။
အာနီဆလော့က “ဒီအချိန်မှာ ပရိသတ်တွေက နောက်ရာသီမှာ အရာအားလုံး ပိုကောင်းလာနိုင်တယ်လို့ ယုံကြည် မှု ဒါမှမဟုတ် ခံစားချက်တွေ မရှိကြဘူးဆိုတာ ကျနော် နားလည်ပါတယ်။ ဘာတွေ တိုးတက်အောင် လုပ်ရမလဲ ဆိုတာ ကျနော်တို့ ကောင်းကောင်း သိတယ်လို့ ထင်ပါတယ်။ ပိုကောင်းတဲ့အသင်း ဖြစ်တဲ့အချိန်မှာ အခွင့်အရေး တွေ ပိုဖန်တီးပြီး ဂိုးသွင်းဖို့လိုပါတယ်။ ပြီးတော့ တည်ကန်ဘောတွေကနေ သွင်းဂိုးတွေ အများကြီးပေးလို့ မရပါ ဘူး”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ဒီရာသီပြိုင်ပွဲစုံမှာ ရှုံးပွဲ ၁၉ ပွဲအထိ ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယားမှာ အဆင့် ၅ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ဖို့ အခွင့်အရေးက လီဗာပူးလ်အသင်း လက်ထဲမှာ ရှိနေဆဲဖြစ်ပြီး ဘုန်းမောက်နဲ့ ဘရိုက်တန် အသင်း ပွဲစဉ် ၃၇ မှာ ရလဒ်ကောင်း ရယူနိုင်ခဲ့ရင်တောင် လီဗာပူးလ်အသင်းဟာ နောက်ဆုံးပွဲမှာ အနိုင်ရလဒ် ရရှိတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရမှာပါ။

လီဗာပူးလ်အသင်း ယှဉ်ပြိုင်နေစဉ်
လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ချန်ပီယံလိဂ် ဝင်ခွင့်အတွက် သူတို့ကိုယ်တိုယ် လုပ်ရမယ်ဆိုရင် နောက်ဆုံးပွဲမှာ အနိုင်ရဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ ဒီရာသီလိဂ်ပြိုင်ပွဲမှာ ၁၂ ပွဲအထိ ရှုံးနိမ့်ထားပြီး ၅၂ ဂိုး ခွင့်ပြုထားရပါတယ်။
ဒါဟာ လီဗာပူးလ်အသင်းအတွက် ၃၈ ပွဲ ကစားရတဲ့ ပရီးမီးယားလိဂ်ရာသီမှာ ပေးဂိုး အများဆုံးခွင့်ပြုခဲ့ရတာပါ။
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံးပွဲအဖြစ် အန်ဖီးလ်မှာ ဘရန်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
