CNI News
မန်ချက်စတာ ဇူလိုင် ၃၁
မန်စီးတီးအသင်းသည် လာမည့် ရက်သတ္တပတ်များအတွင်း အက်စတွန်ဗီလာအသင်းမှ ဂျက်ဂရီလစ်ရှ်ကို စတာလင်ပေါင်သန်း ၁၀၀ ဖြင့် စာချုပ်ချုပ်ရန် စိုင်းပြင်းလျက်ရှိကြောင်း ဒေးလီမေးလ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားသည်။
အင်္ဂလန်အသင်း၏ လက်ရွေးစင် ဘောလုံးသမားလည်းဖြစ်သည့် ဂျက်ဂရီလစ်ရှ်အတွက် မန်စီးတီးအသင်းက အမြင့်ဆုံးကြေး ပေး၍ ခေါ်ယူရန် အဆင်သင့်ဖြစ်နေကြောင်း၊ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ဆွေးနွေးမှုများ ရှိနေကြောင်း ဒေးလီးမေးလ် ဝက်ဘ်ဆိုက်က ရေးသားထားသည်။
ပရီးမီးယားလိဂ်တွင် ၎င်းတို့ အပြောင်းအရွှေ့ ပြုလုပ်ရာမှာ ယခု ဂျက်ဂရီလစ်ရှ်ကို ခေါ်ယူရေးကိစ္စမှာ ဗြိတိသျှ ကလပ်အသင်း တစ်ခုက မကြုံစဖူး အမြင့်ဆုံးကြေးပေး၍ ညှိနှိုင်းမှု ဖြစ်လာခဲ့သည်။
ဂျက်ဂရီလစ်ရှ်အနေဖြင့် ၎င်း၏ လူငယ်ဘဝ ကလပ်အသင်းမှ ပြောင်းရွှေ့ရန် အသင့်ဖြစ်နေသည်ဟုလည်း မန်စီးတီးအသင်းက ယုံကြည်ထားသည်။ ၎င်းကို ထိန်းထားရန် အက်စတွန်ဗီလာကလည်း ကြိုးစားလျက်ရှိနေသည်။ လက်ရှိတွင် ဂျက်ဂရီလစ်ရှ် သည် အက်စတွန်ဗီလာအသင်းထံမှ အက်ထစ်ဟက်(Ethihad) အားကစားရုံမှ တစ်ပတ်လျှင် ပေါင် ၂၀၀,၀၀၀ ရရှိနေသည်။
အသက် ၂၅ အရွယ်ရှိ ဂျက်ဂရီလစ်ရှ်တစ်ယောက် ဗီလာအသင်းကို စွန့်ခွာတော့မည့်အရေးမှာ ဝမ်းနည်းစရာ ကောင်းသော် လည်း သူ့အနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်လိုသည့် ဆန္ဒကိုတော့ သိုသိပ်လျှို့ဝှက်ထားခြင်း မရှိပေ။ ဒေးလီးမေးလ်က မန်စီးတီး အသင်းကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ သဘောထားမှတ်ချက် မရခဲ့ပါ။
Source: dailymail.co.uk
#ဂျက်ဂရီလစ်ရှ်
#အက်စတွန်ဗီလာ
#မန်စီးတီး
#ပြောင်းရွှေ့ကြေး
#အားကစား
#ကျန်းမာရေး
#CNImynamar
#cninews
#ChannelNewsIndependent