CNI News

တိုကျို ဩဂုတ် ၃

ကျင်းပနေဆဲ အိုလံပစ်အားကစားပြိုင်ပွဲမှာ သက်ဆိုင်ရာနိုင်ငံကနေ အတူလိုက်ပါကြတဲ့ နည်းပြဝန်ထမ်းတွေကို မကျေမနပ်ဖြစ်ပြီးတော့ မိမိနိုင်ငံကိုယ်စားပြုအားကစားအဖွဲ့ကို ဆန့်ကျင်တဲ့အနေနဲ့ တိုကျိုရောက် ဘီလာရုစ်အပြေးသမားတစ်ဦးဟာ ဩဂုတ် ၁ ရက်မှာ လေယာဉ်ပေါ် တက်ဖို့ အပြင်းအထန် ငြင်းဆန်ခဲ့တဲ့အပြင် နီးစပ်ရာဂျပန်ရဲတပ်ဖွဲ့ကို အကူအညီတောင်းခံခဲ့တယ်လို့ ရိုက်တာသတင်းကို ကိုးကားပြီး နစ်ကိုင်းအေးရှား ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအပြေးသမား အားကစားမယ် ခရစ္စတီးနားစီမနိုစကိုင်းယားဟာ မနေ့က တနင်္ဂနွေနေ့နှောင်းပိုင်းမှာတော့ ဂျပန်နိုင်ငံ၊ ဟာနီဒါလေဆိပ်မှာ ဂျပန်ရဲတွေရဲ့အကာအကွယ်ယူပြီး မိခင်နိုင်ငံက အဖွဲ့သားတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာပါ။

ပုံ(၂,၃,၄,၅) photo credit - Reuters

ဩဂုတ် ၂ ရက် မနက်စောစောမှာ ဂျပန်ဥပဒေပြုလွှတ်တော်အမတ် တိုင်ဂါအီရှိကာဝါက သူ့ကို လေဆိပ်ထဲ လာရောက်တွေ့ဆုံဖို့ ကြိုးစားပေမယ့် ရဲတပ်ဖွဲ့က ခရစ္စတီးနား လေဆိပ်ထဲမှာ မရှိတော့ကြောင်း ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

ဂျပန်အထက်လွှတ်တော်ရဲ့ အတိုက်အခံအမတ်တစ်ဦးဖြစ်တဲ့ အီရှီကာဝါကို “အဲဒီအားကစားမယ် ဘယ်မှာလဲ” ဆိုတာ ဖြေကြားဖို့ ရဲအရာရှိတစ်ဦးက ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် ခရစ္စတီးနား လေဆိပ်မှ ထွက်ခွာသွားတာကို မတွေ့ရဘဲ တစ်ညလုံးထိုင်စောင့်နေတဲ့ သတင်းထောက်တွေရဲ့မေးမြန်းချက်ကိုလည်း ရဲတွေက တစ်စုံတစ်ရာ သဘောထားမှတ်ချက်မပေးခဲ့ပါဘူး။

ပုံ(၂,၃,၄,၅) photo credit - Reuters

နိုင်ငံတကာအိုလံပစ်ကော်မတီ(IOC)အနေနဲ့ အဲဒီအားကစားမယ်နဲ့ အဆက်အသွယ်ရကြောင်း၊ တိုကျို ၂၀၂၀ ပွဲတော်တာဝန်ကျဝန်ထမ်းတစ်ဦးနဲ့ အဲဒီအားကစားမယ်နဲ့ အတူရှိနေကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“သူ့(ခရစ္စတီးနား)အနေနဲ့ စိတ်ချလုံခြုံမှု ခံစားရပါတယ်” လို့ နိုင်ငံတကာအိုလံပစ်ကော်မတီက တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားတာ တွေ့ရပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ တိုကျို ၂၀၂၀ တာဝန်ရှိသူတွေအနေနဲ့ ခရစ္စတီးနားကိုရော ဂျပန်အာဏာပိုင်တွေနဲ့ပါ နောက်ရက်များမှာ စကားပြောဆိုသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဩဂုတ် ၁ ရက်က အဲဒီအဖြစ်အပျက်ကို ရိုက်တာက ပထမဆုံးသတင်းတင်ခဲ့ပြီး ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုရဲ့ တင်းကြပ်တဲ့အုပ်ချုပ်ရေးစနစ်ကို မီးမောင်းထိုးပြခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှစတင်ပြီး လူရှန်ကာအာဏာရလာခဲ့ပြီးတဲ့နောက်မှာ အားကစားသမားတချို့ပါဝင်တဲ့ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပုံ(၂,၃,၄,၅) photo credit - Reuters

နည်းပြဝန်ထမ်းတွေက ဩဂုတ် ၁ ရက်မှာ ခရစ္စတီးရဲ့အခန်းထဲ ရောက်လာပြီး အထုပ်အပိုးပြင်ဖို့ ပြောခဲ့ပါတယ်။ အဲဒီနောက် ဘီလာရုစ်အိုလံပစ်အဖွဲ့ကိုယ်စားလှယ်တွေက သူ့ကို ဟာနီဒါလေဆိပ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။

ဒါပေမယ့် ခရစ္စတီးနားက အပြင်းအထန်ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ ဘီလာရုစ်ကို ဘယ်တော့မှ ပြန်မလာဘူးလို့ ရိုက်တာသတင်းဌာနကို တယ်လီဂရမ် app မှတဆင့် ပြောကြားခဲ့ပါတယ်။

ဘီလာရုစ်အိုလံပစ်ကော်မတီမှ နည်းပြတွေက ခရစ္စတီးနား၏စိတ်ပိုင်းအခြေအနေကို ဆရာဝန်တွေရဲ့ အကြံပေးချက်တွေနဲ့ အခုယှဉ်ပြိုင်နေတဲ့ အိုလံပစ်ပွဲတော် ဆက်မပြိုင်စေတော့ဘဲ ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

Source: Reuters, Nikkei Asia

#Belarusiansprinter

#Tokyo

#Olympic

#Haneda

#Reuters

##CNINews

#CNIMyanmar

#ChannelNewsIndependent