CNI Sport News
၂၀၂၆ ခုနှစ်၊ မေ ၈
ရီးရယ်လ်အသင်းကွင်းလယ်လူဗယ်လ်ဗာဒီဟာ အသင်းဖော်ချူအာမန်နီနဲ့ ရန်ပွဲဖြစ်ပွားပြီးနောက် ဦးခေါင်းဒဏ်ရာ ရခဲ့တဲ့အတွက် ဘာစီလိုနာအသင်းနဲ့ပွဲကို လွဲချော်မယ်လို့ ESPN သတင်းမှာ ဖော်ပြထားပါတယ်။
ရီးရယ်လ်အသင်းက ဗယ်လ်ဗာဒီဟာ ကောင်းမွန်တဲ့အခြေအနေနဲ့ အိမ်မှာရှိနေပြီး ဆေးဘက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေအရ ၁၀ ရက်ကနေ ၁၄ ရက်အထိ အနားယူဖို့လိုအပ်မယ်လို့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
ချူအာမန်နီကတော့ ဒီရန်ပွဲမှာ ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
ဗယ်လ်ဗာဒီနဲ့ ချူအာမန်နီတို့ဟာ ၂ ရက်ဆက်တိုက်ရန်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ဗယ်လ်ဗာဒီဟာ ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံပို့ဆောင်ခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ သူတို့နှစ်ဦးစလုံးကို စည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုတွေ ပြုလုပ် သွားမယ်လို့ ကြေညာထားပါတယ်။

ဗယ်လ်ဗာဒီက လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်နဲ့ရန်ဖြစ်ခဲ့ရင်း စားပွဲကို မတော်တဆတိုက်မိခဲ့တဲအတွက် ဒဏ်ရာရပြီး ဆေးရုံကို သွားခဲ့ရကြောင်းနဲ့ အသင်းဖော်ချူအာမန်နီက ထိုးခဲ့ခြင်းမရှိသလို သူကလည်း ထိုးခဲ့ခြင်း မရှိဘူးလို့ ပြောခဲ့တာပါ။
မကြာသေးခင်ကလည်း ရီးရယ်လ်အသင်းနောက်ခံလူ ရူဒီဂါနဲ့ အသင်းဖော်ကာရီရက်စ်တို့ ရန်ပွဲဖြစ်ခဲ့ကြသလို နည်းပြအာဘီလိုအာနဲ့ ကစားသမားတချို့အကြားမှာ တင်းမာမှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
ရီးရယ်လ်နဲ့ ဘာစီလိုနာအသင်းပွဲမှာ ဘာစီလိုနာအသင်းဟာ မရှုံးနိမ့်ဘူးဆိုရင် လာလီဂါဖလားကို ၂ ရာသီ ဆက်တိုက် ရရှိသွားမှာ ဖြစ်ပါတယ်။
Source: ESPN
