CNI Sport News
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃
ဘောလုံးအသင်းတိုင်းမှာ လိင်တူချစ်သူ (၂)ဦးအနည်းဆုံး ရှိနေတယ်ဆိုတာကို ယုံကြည်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမား အီဗရာက ပြောလိုက်ပါတယ်။
အီဗရာဟာ မိုနာကို၊ မန်ချက်စတာ ယူနိုက်တက်၊ ဂျုဗင်တပ်စ်နဲ့ ဝက်စ်ဟမ်း အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် ကစားသမားဟောင်းက သူ့ရဲ့ ကစားသမားဘဝမှာ လိင်တူဆက်ဆံတဲ့အပေါ် ထိတ်လန့်ဖွယ်ရာ သဘောထား တွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပြလာပါတယ်။ အီဗရာဟာ သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ထုတ်ဝေမှုနဲ့အတူ Le Parisien နဲ့ အင်တာဗျူးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
အီဗရာက “ကျနော်ဟာ အင်္ဂလန်မှာ ရှိတုန်းက လိင်တူ ဆက်ဆံခြင်း အကြောင်းနဲ့ပတ်သက်ပြီး အသင်းနဲ့ စကားပြောဖို့ တစ်စုံ တစ်ဦးကို ခေါ်လာရပါတယ်။ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က “ဒါဟာ ငါတို့ဘာသာကို ဆန့်ကျင်နေတယ်”၊ “ဒီအဝတ်လဲ ခန်းထဲမှာ လိင်တူဆက်ဆံသူရှိရင် ကလပ်ကနေ ထွက်သွားပါစေ”ဆိုတဲ့ အခြားမှတ်ချက်တွေကို ပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ အချိန်မှာ ပါးစပ်ပိတ်ထားလို့ ပြောလိုက်ပါတယ်။ လိင်တူချစ်သူ ကစားသမားတွေနဲ့ ကစားခဲ့ပါတယ်။ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ပြောခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာ တခြားသူတွေနဲ့ စကားမပြောရဲကြလို့ပါ”လို့ ပြောခဲ့ ပါ တယ်။
ကလော့ပ်ကိုတွေ့ရစဉ်။(Sportbible)
ဒါ့အပြင် အီဗရာက “အသင်းတစ်သင်းမှာ လိင်တူချစ်သူ ကစားသမား အနည်းဆုံး(၂)ဦးရှိပါတယ်။ ဒါပေမယ့် ဘောလုံး လောကမှာ ခင်ဗျားပြောလိုက်ရင်တော့ ပြီးသွားပါပြီ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်မှာတော့ လိင်တူချစ်သူတွေ ပေါ်ပေါ်ထင်ထင် မရှိသေးတာပါ။ ပရီးမီးယားလိဂ်မှာ Rainbow Laces ကမ်ပိန်းကို ပြုလုပ်နေတာဖြစ်ပြီး လီဗာပူးလ်နည်းပြ ကလောပ့်က ဒီကမ်ပိန်းကို ထောက်ခံကြောင်းနဲ့ LGBTQ+ အသိုင်းအဝန်း ရဲ့ မဟာမိတ်အဖြစ် ရှုမြင်ရတာကို ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
ကာဗယ်လ်လိုကိုတွေ့ရစဉ်။(Sky Sports)
ကလော့ပ်က “ဒီကမ်ပိန်းကို နှစ်တိုင်းပြုလုပ်တာ သဘောကျပါတယ်။ ကျနော်ဟာ အသက်(၅၄)နှစ် ရှိပြီဖြစ်ပြီး ဘဝမှာ အချိန် တွေ အများကြီးကို ဖြတ်သန်းခဲ့ပါတယ်။ တစ်ခါမှ ကြုံတွေ့ရခြင်းမရှိတဲ့ အရာတွေကလည်း အများကြီးပါပဲ။ ကျနော့်မှာလည်း လိင်တူချစ်သူ မိတ်ဆွေတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ ပြောရမယ့် အချိန်မှာ ဘယ်လိုတွေ ဖြစ်မလဲဆိုတာကို တော့ တစ်ခါမှ မတွေးဖူးပါဘူး။ အခုလုပ်နေတဲ့ ကမ်ပိန်းဟာ အလွန်ကောင်းမွန်တဲ့ စည်းရုံး လှုံ့ဆော်မှု တစ်ခုပါပဲ။ ကျနော် ပြောချင်တာက ဒါဟာကြည့်လို့ ကောင်းပါတယ်”လို့ ပြောခဲ့တာပါ။
အခုလ အစောပိုင်းက အဒီလိတ်အသင်းနဲ့ မဲလ်ဘုန်းဗစ်ထရီအသင်းတို့ ကစားခဲ့တဲပွဲမှာ အဒီလိတ်အသင်းမှာကစားနေတဲ့ လိင်တူချစ်သူ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ကာဗယ်လ်လိုကို ပြိုင်ဘက်အသင်းက ခွဲခြားဆက်ဆံသော စကားများဖြင့် စော်ကားခဲ့ပါသေးတယ်။
Source: Sport Bible