CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း အီဗရာဟာ ဆိုရှယ်မီဒီယာကြယ်ပွင့် အဒမ်ဆာလက်ရှ်နဲ့ ဧပြီလမှာ ထိုးသတ် သွားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက်(၄၀)အရွယ်ရှိ အီဗရာဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားခဲ့တဲ့ (၈)နှစ်တာ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဖလား(၅)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူခဲ့တာပါ။

အီဗရာဟာ အဲ့ဒီအချိန်ကစပြီး Sky Sports မှာ ဘောလုံးဝေဖန် သုံးသပ်သူအဖြစ် ဆောင်ရွက်ခဲ့ကာ အသင်းဟောင်း ဖြစ်တဲ့ မန်ယူ အကြောင်းဆွေးနွေးတဲ့ အချိန်မှာတော့ စိတ်အားထက်သန်စွာ ဆွေးနွေးလေ့ရှိပါတယ်။

အခုအချိန်မှာတော့ အီဗရာဟာ လက်ဝှေ့ကြိုးဝိုင်းထဲကို အာရုံစိုက်လာခဲ့တာပါ။
အီဗရာက “ဒီပြိုင်ပွဲကို လန်ဒန်မြို့မှာရှိတဲ့ O2 Arena မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် လန်ဒန်မြို့တစ်ခုတည်း မဟုတ်ဘဲ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသဖို့ ဗြိတိန်မိသားစု တစ်ခုလုံး လိုအပ်ပါလိမ့်မယ်။ ဒါက တကယ်ကို ရူးသွပ်စရာ စိတ်ဝင်စားဖို့ ကောင်းတဲ့ပွဲဖြစ်မှာပါ”လို့ လက်ဝှေ့ပွဲနဲ့ ပတ်သက်ပြီး အင်စတာဂရမ်မှာ တိုက်ရိုက်လွှင့်ပြီး ပြောခဲ့တာ ဖြစ်ပါ တယ်။

အီဗရာနဲ့ အဒမ်ဆာလက်ရှ် ထိုးသတ်မယ့် အချိန်(Sporting Excitement)

ပြင်သစ်လက်ရွေးစင် ကစားသမားဟောင်းလည်း ဖြစ်တဲ့ အီဗရာဟာ ဘောလုံးသမားဘဝကနေ အနားယူပြီးကတည်းက လက်ဝှေ့ကြိုးဝိုင်းထဲကို ဝင်ရောက်ဖို့ လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာပါ။

အီဗရာဟာ အခုနှစ်အစောပိုင်းက Boxstar UK နဲ့ တွေ့ဆုံရာမှာ “ကျနော့်ဘဝရဲ့ ပထမဆုံးလက်ဝှေ့ပွဲကို ပါဝင်ခွင့် ရတော့မှာ ဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်။ ကျနော်ဟာ လက်ဝှေ့လောကက လူတွေအပေါ်မှာ လေးစားမှု အပြည့်ရှိပါ တယ်။ ဒါဟာ စွမ်းအားနဲ့ ခွန်အားတွေ သာမကဘဲ စစ်တုရင်ပွဲလို ဗျူဟာနဲ့ နည်းစနစ်ပိုင်းတွေပါ ပါဝင်တယ်”လို့ ပြောခဲ့ ပါ တယ်။

ဒီပွဲဟာ အီဗရာ အတွက်တော့ ပထမဆုံး လက်ဝှေ့ပွဲဖြစ်ပေမယ့် YouTube ကြယ်ပွင့် အဒမ်ဆာလက်ရှ်ကတော့ ၃ ပွဲ ထိုးသတ် ထား ပါတယ်။ ဒီ ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲ သရေကျထားတာ ဖြစ်ပါတယ်။

အီဗရာဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ၃၇၉ ပွဲ ပါဝင်ကစားခဲ့ပြီး ဝက်စ်ဟမ်း၊ မာဆေးလ်၊ မိုနာကို၊ ဂျူဗင်တပ်စ် အသင်းတွေမှာလည်း ကစားခဲ့တာပါ။ အီဗရာဟာ ပြင်သစ်လက်ရွေးစင်အတွက် ၈၁ ပွဲ ပါဝင်ကစားထား ပါတယ်။

Source: Daily Mail