CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၈

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်ဟာ ဝန်ကြီးချုပ်ဖြစ်ဖို့ ကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ ဂျိုကိုးလ်က ပြောလိုက်ပါတယ်။
တူချယ်လ်ဟာ လူအဖွဲ့အစည်းမှာရှိတဲ့ အခြားနေရာတွေမှာ မမြင်ရနိုင်တဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ပြသခဲ့တယ်လို့ ဂျိုကိုးလ် က ယုံကြည်နေတာ ဖြစ်ပါတယ်။

တူချယ်လ်ဟာ လိုင်လီအသင်းကို နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ချယ်လ်ဆီး အသင်းကို ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ရောက်အောင် ပို့ဆောင်ပေးထားတာပါ။ ချယ်လ်ဆီး အသင်းဟာ လက်ရှိအချိန်မှာ အသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ ထားတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တူချယ်လ်နဲ့ ကစားသမားတွေကတော့ အသင်းအခြေအနေ မသေချာမရေမရာ ဖြစ်နေပေမယ့် ဘောလုံးကိုပဲ အကောင်းဆုံး အာရုံစိုက်ခဲ့တာပါ။
ဒါ့အပြင် သူတို့ဟာ အလုပ်ရှင်ရဲ့ အခန်းကဏ္ဍနဲ့ သင့်လျော်မှုဆိုင်ရာ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။

ဂျိုကိုးလ်ကိုတွေ့ရစဉ်(GETTY IMAGES)

ဂျိုကိုးလ်က “တူချယ်လ်ရဲ့ ခေါင်းဆောင်မှုအပိုင်းကို ပြန်သွားတဲ့အခါမှာ ကျနော်တို့ဟာ ဒီလိုရှုပ်ထွေးတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ လူ့အဖွဲ့စည်း တစ်ရပ်လုံးရဲ့ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ညံ့ဖျင်းတဲ့ စံနမူနာတွေကို ကျနော်တို့ တွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ဘောလုံးမန်နေဂျာတစ်ဦးက တက်လာပြီး ဒါနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြောနေတော့ လတ်ဆတ်တဲ့လေကို ရှုရှိုက်လိုက်ရုံပါပဲ။ သူက ဝန်ကြီးချုပ် ဖြစ်သင့်ပါတယ်”လို့ ပြောခဲ့တာပါ။

ဘော်ရစ်ဂျွန်ဆင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အေဘရာမိုဗစ်ချ် နာမည် သီကြွေးနေတာကို ရပ်တန့်ဖို့ ချယ်လ်ဆီး ပရိသတ်တွေကို ပြောခဲ့ပြီးနောက် တူချယ်လ်ဟာ ဗြိတိန်နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

တူချယ်လ်က “ဒါက လွှတ်တော်မှာ ဆွေးနွေးရမယ့် အရေးကြီးဆုံး အကြောင်းအရာတွေလားဆိုတာ ကျနော် မသိပါဘူး။ လွှတ်တော်မှာ ဆွေးနွေးမယ်ဆိုရင်လည်း ဆွေးနွေးရမယ့် ဦးစားပေးကိစ္စတွေကို စိတ်ပူဖို့ လိုကောင်းလိုလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်း နည်းပြ တူချယ်လ်(Chelsea Football)

မယ်ဒယ်ဘရော့နဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲစဉ်မှာ ကွင်းပိတ်ကစားဖို့ ကြိုးစားခဲ့တဲ့ ချယ်လ်ဆီး အသင်းရဲ့ လုပ်ရပ် ကိုလည်း တူချယ်လ်က ဝေဖန်ခဲ့ပြီး မအောင်မြင်ခဲ့လို့လည်း ဝမ်းသာကြောင်း ပြောခဲ့တာပါ။

“ယေဘုယျအားဖြင့် ပရိသတ်တွေရှိလို့ အလွန်ပျော်ရွှင်တယ်လို့ ပြောချင်ပါတယ်။ အနည်းငယ်တော့ အဆင်မပြေတဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါကို ကျနော်တို့ သတိမထားခဲ့ပါဘူး။ ပရိသတ်တွေ ရှိနေတာ ပိုကောင်းပါတယ်။ ဒီပွဲတွေက ပရိသတ်တွေ အတွက်ပါပဲ”လို့ ပြောခဲ့ပါတယ်။

Source: Metro