CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်အတွက် မဲခွဲမှုပြုလုပ်ရာမှာ ရီးရယ်လ် အသင်းနဲ့ တွေ့ဆုံခဲ့ပြီးနောက် အသင်းဟာ ကြီးမားတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ ပြောလိုက် ပါတယ်။

ချယ်လ်ဆီး အသင်းဟာ ကွာတားဖိုင်နယ်မှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို ရှောင်ရှားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းကို (၁၆)သင်းအဆင့်မှာ အနိုင်ယူခဲ့တဲ့ ရီးရယ်လ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါပေမယ့် ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ရာမှာ ရီးရယ်လ် အသင်းကို အကြိုဗိုလ်လုပွဲမှာ ဖြတ်ကျော်နိုင်ခဲ့ တာလည်းဖြစ်ပါတယ်။ အခုနှစ်မှာ ဒီနှစ်သင်းဟာ ထပ်မံတွေ့ဆုံရတော့မှာပါ။

တူချယ်လ် က “ဒါဟာခက်ခဲတဲ့ပွဲပါပဲ။ ဒုတိယအကျော့ကို ဘာနေဗျုးပရိသတ်တွေရဲ့ ရှေ့မှာ ကစားရတာထက် ပိုပြီးကြီးမားတဲ့ စိန်ခေါ်မှုဆိုတာ မရှိတော့ပါဘူး။ ဒါဟာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်ပေမယ့် ဒီပွဲအတွက်တော့ ကြီးမား တဲ့ စိတ်လှုပ်ရှားမှုရှိပါတယ်။ ဒီလိုပွဲတွေလာမယ်ဆိုတာကို ကျနော်တို့ သိပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပြီး ခက်ခဲတဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

အခြားချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် မန်စီးတီးနဲ့ အသလက်တီကို၊ ဘိုင်ယန်မြူးနစ်နဲ့ ဗီလာရီး ရယ်လ်၊ ဘင်ဖီကာနဲ့ လီဗာပူးလ် အသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ အကြိုဗိုလ်လုပွဲအတွက်ကိုလည်း မဲခွဲမှုပြုလုပ်ခဲ့တာ ဖြစ်ပြီး မန်စီးတီးနဲ့ အသလက်တီကိုတို့ပွဲစဉ်က အနိုင်ရတဲ့အသင်း က ချယ်လ်ဆီးနဲ့ ရီးရယ်လ်တို့ ပွဲစဉ်က အနိုင် ရတဲ့အသင်းတို့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဘင်ဖီကာနဲ့ လီဗာပူးလ်တို့ပွဲစဉ်က အနိုင်ရတဲ့အသင်းကတော့ ဘိုင်ယန် မြူးနစ်နဲ့ ဗီလာရီးရယ်လ်တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်တွေရဲ့ ပထမအကျော့ကို ဧပြီလ(၅)ရက်နဲ့ (၆)ရက်၊ ဒုတိယအကျော့ပွဲကို ဧပြီလ(၁၂)ရက်နဲ့ (၁၃)ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Source:Metro