CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၁၉

ဘတ်ပီရဲ့ မိခင်ဖြစ်သူ လာမာရီဟာ သူ့ရဲ့သားအတွက် ရီးရယ်လ်အသင်းကို လက်မှတ်ထိုးကြေး ပေါင် (၁၂၅)သန်း တောင်းဆိုခဲ့ တယ်လို့ သိရပါတယ်။

ဘတ်ပီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရီးရယ်လ် အသင်းဟာ အခု လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ထိပ်ဆုံး ကနေ ဦးဆောင်နေတာပါ။

ပီအက်စ်ဂျီ အသင်းကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရအောင် ကမ္ဘာ့လုပ်ခ လစာ အများဆုံးပေးပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရသေးတာလည်း ဖြစ်ပါတယ်။

ရီးရယ်လ် အသင်းဟာ ဘတ်ပီကို အလွတ်နဲ့ ခေါ်ယူဖို့ လုပ်ဆောင်နေပေမယ့် ကစားသမားရဲ့ မိခင်က လက်မှတ်ထိုးကြေး ပေါင်(၁၂၅)သန်း တောင်းဆိုထားတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ ဘတ်ပီဟာ ဒီရာသီမှာ ပီအက်စ်ဂျီ အသင်းအတွက် ခြေစွမ်းပြသနေပြီး ရီးရယ်လ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်း အဆင့်(၂)ပွဲလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါ တယ်။

ဘတ်ပီနဲ့ ရီးရယ်လ်အသင်း ဥက္ကဋ္ဌကိုတွေ့ရစဉ်(SPORTbible)

၂၀၁၇-၁၈ ရာသီက မိုနာကို အသင်းကနေ ရောက်ရှိလာတဲ့ ဘတ်ပီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ (၁၅၈)ဂိုး သွင်းယူ ထားတာပါ။ ဘတ်ပီဟာ ဒီရာသီမှာတော့ (၂၆)ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ဘတ်ပီကို ပေါင်(၈၃)သန်း တန်ကြေးရှိ လက်မှတ်ထိုးကြေးနှင့် အပိုဆုကြေးတွေ အပါအဝင် စာချုပ်သစ်အတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် ကစားသမားကတော့ သူ့ငယ်ဘဝ အိပ်မက်ဖြစ်တဲ့ ရီးရယ်လ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေတာပါ။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဘတ်ပီဟာ ရီးရယ်လ် အသင်းကို ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်း က ခွင့်မပြုခဲ့တာကြောင့် ပြင်သစ်ကလပ်မှာပဲ စာချုပ်ကုန်ဆုံးတဲ့အထိ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာသတင်း တချို့မှာတော့ ဘတ်ပီဟာ ရီးရယ်လ် အသင်းနဲ့ အကြိုစာချုပ် ချုပ်ဆိုပြီးပြီလို့တောင် ဖော်ပြနေကြ ပါတယ်။

 

 

 

 

Source: Sportbible