CNI Sport News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀

ပီအက်စ်ဂျီ အမျိုးသမီးအသင်းကစားသမား ဒီယာလိုဟာ အသင်းဖော် ဟမ်ရာအိုရီကို တိုက်ခိုက်ခဲ့လို့ ဖမ်းဆီး ခံခဲ့ရပြီးနောက် (၂)လအကြာ တနင်္ဂနွေနေ့က အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက်(၂၆)နှစ် အရွယ်ရှိ ဒီယာလိုကို ပြင်သစ်ရဲတွေက စွဲချက်မတင်ဘဲ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြန်လည်လွှတ် ပေးခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတခုမှာ သူမဟာ လုံးဝအပြစ်ကင်းကြောင်း ပြသလိမ့်မယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါ တယ်။ ဒီယာလိုဟာ ပီအက်စ်ဂျီအသင်းက ဒီဂျွန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ ပြင်သစ်ဖလား ပွဲရဲ့ ပွဲချိန်(၇၇)မိနစ်မှာ လူစားဝင်ကစားခဲ့တာပါ။

ပီအက်စ်ဂျီအသင်းနည်းပြက ဒီယာလိုဟာ ကောင်းမွန်တဲ့ တကျော့ပြန်လာမှုဖြစ်တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဟမ်ရာအိုရီကတော့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် နိုဝင်ဘာ (၄)ရက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက် ပြီးက တည်းက ပီအက်စ်ဂျီအသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတာပါ။ သူမဟာ ဒီပွဲအတွက်လည်း အသင်း လူ စာရင်းမှာ ရွေးချယ်မခံရခဲ့တာဖြစ်ပါတယ်။ ဒီဂျွန်နဲ့ ပြင်သစ်ဖလားပွဲဟာ ပြင်သစ်နိုင်ငံရဲ့ ဆောင်းရာသီ အားလပ် ရက်အပြီး ပီအက်ဂျီအသင်း ပထမဆုံးကစားတဲ့ပွဲလည်းဖြစ်ခဲ့တာပါ။

ဟမ်ရာအိုရီဟာ ဒီယာလိုရဲ့ ခိုင်းစေမှုနဲ့ မျက်နှာဖုံးစွပ်လူ(၂)ဦးရဲ့ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက သူမရဲ့ရှေ့နေက ထုတ်ပြန်ခဲ့တဲ့ ဒီယာလိုရဲ့ ကြေညာချက်မှာ “သူမနဲ့ဟမ်ရာအိုရီတို့အကြား ပြိုင်ဆိုင်မှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ အတုအယောင်တွေဖြစ်ပြီး ဒါကို ရှုတ်ချတယ်” လို့ ပြောထားတာဖြစ်ပါတယ်။

ဒီယာလိုနဲ့ဟမ်ရာအိုရီတို့ဟာ ပီအက်စ်ဂျီ အသင်းမှာတင်မဟုတ်ဘဲ ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း အသင်း ဖော်တွေအဖြစ် ကစားနေကြတာဖြစ်ပါတယ်။

ပြင်သစ်လက်ရွေးစင်အတွက် (၇)ပွဲပါဝင်ကစားခဲ့တဲ့ ဒီယာလိုဟာ  ပီအက်စ်ဂျီအသင်းကို (၂၀၁၆)က ဂူယင်ဂမ့် အသင်းကနေ ပြောင်းရွှေ့လာခဲ့တာပါ။ ဒီယာလိုဟာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း(၆၀)ကျော် ပါဝင်ကစား ထားပြီး မနှစ်ကရာသီက စပိန်ကလပ် အသလက်တီကိုအသင်းမှာ အငှားသွားရောက်ကစားခဲ့တာလည်း ဖြစ်ပါ တယ်။

Source: BBC