CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇

အာဆင်နယ်အသင်းနည်းပြ အာတီတာက အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနီကတ်တစ်ကြိမ်မှ ပြသခံထားရခြင်းမရှိတဲ့ သူတို့ရဲ့ စည်းကမ်းပိုင်းကို ဆက်ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။

အာတီတာက “ကျနော်တို့ဟာ ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်အသင်းနဲ့ တွေ့ခဲ့တုန်းက ၁၀ ဦးတည်းနဲ့ ကစားခဲ့ရ တာက ထိခိုက်စေခဲ့ပြီး အခုကတော့ အလွန်ကွာခြားသွားမယ်လို့ မျှော်လင့်ပါတယ်။ စည်းမျဉ်းတွေကလည်း အခုပြောင်းလဲသွားပြီလို့ ကျနော်ထင်ပါတယ်။ ကစားသမား ၁၁ ဦးနဲ့ ကစားတဲ့ပုံစံကို ကျနော်တို့ဆက်ပြီး ထိန်းနိုင်မယ်လို့ မျှော်လင့်ကြောင်း” ပြောခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ မနှစ်ကရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ် ၈ ပွဲမှာ ကစားသမား ၃ ဦးအထိ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ 

ဒီကလန်ရိုက်စ်နဲ့ ထရော့ဆာဒ့်တို့ဟာ ဘရိုက်တန်နဲ့ မန်စီးတီးအသင်းတို့ပွဲတွေမှာ ဘောလုံးကို ကန်ထုတ်ခဲ့ပြီး ပြန်လည် စတင်ချိန် နှောင့်နှေးစေမှုတွေအတွက် ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။

အာဆင်နယ်အသင်းဟာ ဒီရာသီမှာတော့ ပြိုင်ပွဲစုံမှာ အနီကတ်ပြသခြင်း မခံထားရသလို ပရီးမီးယားလိဂ်ရဲ့ Fair play အမှတ်ပေးဇယားမှာလည်း ပြစ်ဒဏ် အနည်းဆုံးအသင်းအဖြစ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာ ဖြစ်ပါ တယ်။ 

အာဆင်နယ်အသင်းကို တွေ့ရစဉ် 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဒီရပ်တည်မှုကို သူမသိပေမယ့် ဒါက အလွန်ကောင်းတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အာတီတာက ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် အသင်းအတွက် ပြန်ပါဝင်လာနိုင်တော့မှာကို ပျော်ရွှင်တယ်လို့ ပြောခဲ့တာပါ။ 

ကိုင်ဟာဗက်ဇ်ဟာ ယူနိုက်တက်အသင်းနဲ့ ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်မှာ ဒူးဒဏ်ရာ ရပြီးကတည်းက အနားယူနေရတာ ဖြစ်ပါတယ်။

ကိုင်ဟာဗက်ဇ်ဟာ ဒူးခွဲစိတ်မှုခံယူခဲ့ရပြီး ၄ လကြာ အနားယူခဲ့ရကာ မကြာမီမှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ဖို့ နီးစပ်နေတာပါ။ 

အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူး ဂျီးဆပ်စ်လည်း အသင်းအတွက် ပါဝင်ကစားနေတာ ကြောင့် နည်းပြအာတီတာဟာ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာတွေပိုပြီး ရှိလာတာဖြစ်ပါတယ်။ 

Source: Dailymail