CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
ဘိုကာဂျူနီယာအသင်းဟာ ရိုးမားအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့် ဒိုင်ဘားလားကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။
ဘိုကာဂျူနီယာ ဒါရိုက်တာ ဒယ်လ်ဂါဒိုက “ဖြစ်နိုင်ဖွယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ကို ဒီခေါ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ အားထုတ်မှုတွေကို ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်သိတဲ့ တစ်ခုတည်းသော အရာက သူ့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လမှာ ကုန်ဆုံးမယ်ဆိုတာပါပဲ။ ဒီအခြေအနေကို ကျနော်တို့ သုံးသပ်မှုတွေ ပြုလုပ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ မြင်တွေ့ရမယ်”လို့ မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
တောင်အမေရိက ဘောလုံးလောကမှာ ဒိုင်ဘားလားကို ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာကို ဘိုကာဂျူနီယာအသင်းက အတည်ပြုလာခဲ့ပါတယ်။
ဒိုင်ဘားလားနဲ့ ရိုးမားအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံး ၆ လထဲကို ရောက်ဖို့ နီးကပ်လာပြီ ဖြစ်တာ ကြောင့် သူဟာ လာမယ့် ဇန်နဝါရီမှာ စီးရီးအေပြင်ပ အသင်းတွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လို့ ရပြီဖြစ်ပါတယ်။

ဒိုင်ဘားလားကို တွေ့ရစဉ်
ဒိုင်ဘားလားဟာ စီးရီးအေမှာ အဓိက ကစားသမားတစ်ဦးအဖြစ် ဆက်ပြီးရှိနေပေမယ့် ရိုးမားအသင်းနဲ့ စာချုပ် သက်တမ်းတိုးဖို့ မရှိတာကြောင့် ဥရောပမှာ သူ့ရဲ့ အချိန်တွေ ကုန်ဆုံးတော့မယ်လို့ သတင်းတွေမှာ ဖော်ပြထား တာပါ။
ဘိုကာဂျူနီယာဟာ ဥရောပမှာ နာမည်ကျော်ကြားခဲ့တဲ့ ထိပ်တန်း ကစားသမားတွေကို ပစ်မှတ်ထားလေ့ရှိပြီး ကာဗာနီအပါအဝင် ကစားသမားအချို့ကို ခေါ်ယူကာ ထိပ်တန်းကြယ်ပွင့်တွေကို ခေါ်ယူနိုင်ကြောင်း ပြသထား ပါတယ်။
ဒါပေမယ့် ဥရောပမှာရရှိနေတဲ့ လုပ်ခလစာနဲ့ အာဂျင်တီးနားမှာ အသုံးပြုနေတဲ့ ဘတ်ဂျက်တွေကြား ကြီးမားတဲ့ ကွာဟမှုရှိနေတာကြောင့် ဒိုင်ဘားလားအနေနဲ့ ဘိုကာဂျူနီယာအသင်းထံ ပြောင်းရွှေ့မယ်ဆိုရင် လုပ်ခလစာ အများအပြား လျှော့ယူဖို့ လိုအပ်တာဖြစ်ပါတယ်။
Source: Goal
