CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄
အယ်လ်နာဆာအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုဟာ အယ်လ်ခါလီအသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ လှပတဲ့နောက်ပြန် ကန်ချက်နဲ့ အသင်းအတွက် ၁ ဂိုးသွင်းယူခဲ့ပါတယ်။
ဒီပွဲစဉ်ရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်းအချိန်ပို ၆ မိနစ်မှာ ရော်နယ်လ်ဒိုဟာ အသင်းဖော်ဘူရှယ်ရဲ့ ညာတောင် ပံကနေ ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ဒီဂိုးဟာ ရော်နယ်လ်ဒိုအတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ၉၅၄ ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ၂၀၁၈ ခုနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ ဆင်တူခဲ့ပါတယ်။
အသက် ၄၀ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ အခုအချိန်ထိ ဒီလိုပုံစံမျိုးနဲ့ သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့အပေါ် ပရိသတ် တွေက ဆိုရှယ်မီဒီယာပေါ်မှာ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ရော်နယ်လ်ဒိုဟာ ဒီရာသီ အယ်လ်နာဆာအသင်းအတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ၁၀ ဂိုးသွင်းယူထားပြီး ပြိုင်ပွဲ စုံမှာ ၁၁ ဂိုးသွင်းယူထားတာပါ။

ရော်နယ်ဒိုကို တွေ့ရစဉ်
ရော်နယ်လ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်း အများဆုံးစာရင်းမှာ အသင်းဖော် ဂျာအိုဖီးလစ် ၁၁ ဂိုးရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၉ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အဆင့် ၁ နေရာ ရပ်တည် နေပြီး အဆင့် ၂ နေရာက အယ်လ်ဟီလယ်အသင်းကို ၄ မှတ်ဖြတ်ထားတာပါ။
ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာအသင်းကို ရောက်ရှိလာပြီးကတည်းက အဓိကဆုဖလားတွေ မရရှိသေးတာ ကြောင့် ဒီရာသီမှာ အဓိက ဆုဖလားတစ်ခုဖြစ်တဲ့ ဆော်ဒီပရိုလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အယ်လ်နာဆာအသင်းဟာ ကြားရက်ထဲမှာ အာရှချန်ပီယံလိဂ် Two ပွဲစဉ် ကစားဖို့ရှိနေပြီး ကစားထားတဲ့ ၄ ပွဲ စလုံး အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
Source: BBC
