CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၃

ရီးရယ်လ်အသင်း နည်းပြဟောင်းနဲ့ ပြင်သစ်ဂန္ထဝင် ဇီဒန်းက တစ်နေ့မှာ ပြင်သစ်လက်ရွေးစင်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို ထပ်ပြီးပြောလာခဲ့ပါတယ်။ 

ဇီဒန်းက “ကျနော် သေချာပေါက် နည်းပြအလုပ်ကို ပြန်လာမှာပါ။ ကျနော့်အတွက် အနာဂတ်က ဘယ်လိုဖြစ်မလဲ ဆိုတာတော့ မသိပါဘူး။ ပြင်သစ်အသင်းကို နည်းပြဖို့က ကျနော့်ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ။ ကျနော်တို့ မြင်တွေ့ရမှာပါ”လို့ Festival Dello Sport မှာ ပြောခဲ့တာပါ။ 

ပြင်သစ်အသင်းအတွက် ၁၀၈ ပွဲ ကစားခဲ့တဲ့ ကွင်းလယ်လူဟောင်း ဇီဒန်းဟာ ရီးရယ်လ်အသင်းနည်းပြ ရာထူးကနေ ထွက်ခွာခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာဖြစ်ပါတယ်။ 

ဇီဒန်းဟာ ရီးရယ်လ်အသင်းကို ကိုင်တွယ်ခဲ့ချိန်က ချန်ပီယံလိဂ်ဖလားကို ၃ ရာသီဆက်တိုက် ရယူပေးနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့သလို အခြားအောင်မြင်မှုတွေလည်း အများအပြား ရယူပေးနိုင်ခဲ့တာပါ။ 

ဇီဒန်းကိုတွေ့ရစဉ် 

ဇီဒန်းဟာ ရီးရယ်လ်အသင်းကနေ ထွက်ခွာပြီးနောက် ယူနိုက်တက်၊ PSG အသင်း အပါအဝင် နိုင်ငံအသင်း အချို့နဲ့လည်း သတင်းတွေ ထွက်ခဲ့ပါတယ်။ 

ဒါပေမယ့် ဇီဒန်းဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ခြင်း မရှိသေးဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ 

ပြင်သစ်အသင်းကို လက်ရှိ ကိုင်တွယ်နေတဲ့ နည်းပြဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ထွက်ခွာဖို့ စီစဉ်ထားတာကြောင့် ဇီဒန်းဟာ သူ့ရဲ့မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ 

ဇီဒန်းဟာ အသင်းဟောင်း ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြရာထူးအတွက် အရင်က ချိတ်ဆက်မှုတွေ ခံခဲ့ရပေမယ့် သူက အခြားရွေးချယ်စရာတွေကို ပြုလုပ်ခဲ့တာပါ။

ဇီဒန်းက ဂျူဗင်တပ်စ်အသင်းဟာ သူ့နှလုံးသားရဲ့ အမြဲတမ်း နီးစပ်တဲ့ နေရာမှာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ 

Source: Dailymail