CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၅
 
အာ‌ဆီယံဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် အင်ဒိုနီးရှားနဲ့ စင်ကာပူတို့ ကစားခဲ့ရာ အင်ဒိုနီးရှားအသင်းက အချိန်ပိုမှာ ၄ ဂိုး-၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
 
ပွဲစတည်းက နှစ်သင်းလုံးဟာ အပြိုင်အဆိုင်ရှိခဲ့ပြီး ပွဲအနည်းငယ်ကြမ်းခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ဝါလီယံက အင်ဒိုနီးရှားအတွက် ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ စင်ကာပူ အသင်းက ဘဟာရူဒင် နှစ်ဝါ တစ်နီ နဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် စင်ကာပူအသင်းဟာ ချေပဂိုးပြန်လည်ရယူခဲ့ပါတယ်။ဒီ ဂိုးကို ဆောင်ယူယန်းက သွင်းယူခဲ့တာပါ။ အဲဒါကြောင့် တဖက်တဂိုးစီ သရေနဲ့ ပထမပိုင်းပြီးဆုံးနေခဲ့ပါတယ်။
 
ဒုတိယပိုင်းမှာ အင်ဒိုနီးရှား အသင်းဟာ တစ်ဦးအသာနဲ့ ကစားခဲ့ရတာကြောင့် စင်ကာပူ အသင်းဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စင်ကာပူ ကစားသမား ဖန်ဒီ ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။ ဒါပေမယ့် စင်ကာပူအသင်းဟာ စိတ်ဓါတ်မကျဘဲ ပြန်တိုက်စစ်ဆင်ခဲ့တာကြောင့် ဒုတိယဦးဆောင်ဂိုးပြန်ရယူခဲ့တာပါ။ ဒီဂိုးကို ဆူလေမန်က သွင်းယူခဲ့တာဖြစ်ပါတယ်။
 
အင်ဒိုနီးရှား အသင်းကစားသမား အာဟန်က ပွဲပြီးခါနီးမှာ ချေပဂိုးပြန်လည်သွင်းယူသွားခဲ့တာကြောင့် တဖက်နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ပွဲပြီးမိနစ်(၉၀)ပြည့်မှာ စင်ကာပူ အသင်း ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ရမ်လီ ရဲ့ကန်ချက်ကို အင်ဒိုနီးရှား ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။အဲ့ဒါကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။အချိန်ပိုမှာတော့ အင်ဒိုနီးရှားအသင်းက တဖတ်သတ်နီးပါး ဖိကစားပြီး ဂိုးကန်သွင်းချက်အများအပြားပြုလုပ်ခဲ့တာပါ။
 
အချိန်ပိုမှာ အင်ဒိုနီးရှားအသင်းက သွင်းဂိုးနှစ်ဂိုးရယူသွားနိုင်ခဲ့ပါတယ်။ ဒီဂိုးတွေကို ဗီကရီနဲ့ စင်ကာပူ ကစားသမား အန်အူအာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့လို့ စင်ကာပူဂိုးသမား တိုက်ရိုက်အနီကတ်နဲ့ ထုတ်ခံခဲ့ရပါတယ်။အဲဒါကြောင့် အင်ဒိုနီးရှားအသင်းက နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။