CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃
MMA ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်းက ကာဒက်စ်တန်နဲ့ အောက်တိုဘာထဲ ထိုးမယ့် ONE Fight Night ပွဲစဉ်ဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ်လို့ ပြောလိုက်ပါတယ်။
အောင်လအန်ဆန်းက “ဒါက ကျနော့်ရဲ့ နောက်ဆုံးပွဲ ဖြစ်လာပါလိမ့်မယ်။ ကြိုးဝိုင်းထဲမှာ ကျနော့်ရဲ့လူ ကာဒက်စ် တန်နဲ့ ထိုးရမှာထက် ပိုကောင်းတဲ့ ပြိုင်ဘက်ကို တွေးကြည့်လို့ မရပါဘူး။ သူ့ကို ကျနော်အများကြီး လေးစားပြီး ချစ်ခင်ပါတယ်။ ဘန်ကောက်မှာ ဒါကို နောက်ဆုံးအနေနဲ့ လုပ်လိုက်ကြရအောင်”လို့ သူ့ရဲ့ Facebook စာမျက်နှာ မှာ ရေးသားထားတာပါ။
ONE ရဲ့ ဝိတ်တန်း ၂ ခု ချန်ပီယံဟောင်း မြန်မာဖိုက်တာ အောင်လအန်ဆန်းနဲ့ ဆွီဒင်ဖိုက်တာ ကာဒက်စ်တန်တို့ ဟာ ONE Fight Night 36 ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် MMA ပွဲစဉ်အဖြစ် အောက်တိုဘာ ၃ ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ Lumpinee အားကစားကွင်းမှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ONE မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ် MMA ကမ္ဘာ့ချန်ပီယံဟောင်း အောင်လအန်ဆန်းဟာ အခုနှစ် အစောပိုင်းက ကာတာနိုင်ငံမှာ ထိုးခဲ့တဲ့ ONE 171 ပြိုင်ပွဲမှာ အရေးနိမ့်ကာ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ပြီးနောက် အနားယူဖွယ်ရှိ တယ်လို့ အရိပ်အမြွက် ပြောခဲ့တာပါ။
အောင်လအန်ဆန်းကို တွေ့ရစဉ်
အခုအချိန်မှာတော့ အသက် ၄၀ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အောင်လအန်ဆန်းဟာ ကာဒက်စ်တန်နဲ့ ပွဲဟာ သူ့ရဲ့ နောက်ဆုံးပွဲလို့ ပြောလာခဲ့တာ ဖြစ်ပါတယ်။
အောင်လအန်ဆန်းဟာ MMA ပွဲပေါင်း ၄၆ ပွဲ ထိုးခဲ့တာမှာ ပွဲပေါင်း ၃၀ အနိုင်ရခဲ့ပြီး ၁၅ ပွဲအရေးနိမ့်ကာ ၁ ပွဲက တော့ ရလဒ်မထွက်ခဲ့တာပါ။
အောင်လအန်ဆန်းဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လကနေ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအထိ ထိုးခဲ့တဲ့ ပွဲတိုင်းအနိုင်ရကာ ကမ္ဘာ့ချန်ပီယံဆု ၂ ခုကို ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေဆိုးခဲ့ပြီး ချန်ပီယံဆု ၂ ခုစလုံးကို လက်လွှတ်ခဲ့ရ ပါတယ်။
ဆွီဒင်ဖိုက်တာ ကာဒက်စ်တန်ကလည်း ONE ရဲ့ ဝယ်လ်တာဝိတ် ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်ခဲ့ပြီး ပရော်ဖက်ရှင်နယ် MMA ပွဲတွေမှာ ၁၅ ပွဲအနိုင်ရပြီး ၇ ပွဲအရေးနိမ့်ထားတာ ဖြစ်ပါတယ်။
Source: ONEFC