CNI Sport News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၉

အောင်လအန်ဆန်းဟာ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီကို ပထမအချီမှာပဲ အလဲထိုးပြီး နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

One 163 ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့တဲ့ ပွဲမှာ အောင်လအန်ဆန်းက ပြင်းထန်တဲ့ ဒူးတိုက်ချက်နဲ့ နိုင်ပွဲ ရယူခဲ့တာပါ။

အောင်လအန်ဆန်းဟာ ဘစ်ဒက်ရှ်ကို အရေးနိမ့်ပြီးကတည်းက လေ့ကျင့်မှု ပြင်ဆင်မှုတွေကို အားစိုက်ခဲ့တာ ကြောင့် အခုလို နိုင်ပွဲရရှိခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်းဟာ ယူရှင်အိုကာမီကို အနိုင်ထိုးသတ်ခဲ့တာကြောင့် ကစားသမားဘဝ ပွဲပေါင်း ၄၂ ပွဲ ထိုးသတ် ထားခဲ့တာမှာ ၂၈ ပွဲ အနိုင်ရပြီး ၁၃ ပွဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။

အခုဆိုရင် အောင်လအန်ဆန်းဟာ ဒီနိုင်ပွဲကြောင့် မစ်ဒယ်ဝိတ် ခါးပတ် ပြန်လည် ရယူနိုင်ဖို့ မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ပြီ ဖြစ်ပါတယ်။