CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂

လေဗာကူဆင်အသင်းဟာ ထုတ်ပယ်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဒေါ့မွန်အသင်း နည်းပြဟောင်း တာဇစ်ကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်း နည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ လေဗာကူဆင်အသင်းကို ပြိုင်ပွဲ ၃ ပွဲသာ ကိုင်တွယ်ခဲ့ ပြီးနောက် ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရလဒ်ဆိုးခဲ့တာကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရတာပါ။ 

အဲဒါကြောင့် လေဗာကူဆင်အသင်းဟာ နည်းပြသစ် ခန့်အပ်ဖို့ စတင်ရှာဖွေမှုတွေ ပြုလုပ်နေပြီး ဒေါ့မွန်အသင်း နည်းပြဟောင်း တာဇစ်ကို ဦးစားပေးနည်းပြ ပစ်မှတ်အဖြစ် ဆက်သွယ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါ ကလပ်တွေ ကိုင်တွယ်ခဲ့တဲ့ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်အသင်း နည်းပြဟောင်း မာကိုရို့စ်ကိုလည်း နည်းပြသစ် ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ထည့်သွင်းထားတာပါ။ 

တာဇစ်ဟာ သူ့ရဲ့နည်းပြဘဝမှာ ဒေါ့မွန်အသင်းကိုသာ ကိုင်တွယ်ထားပြီး ဂျာမန်ပိုကယ်လ်ဖလား ၁ ကြိမ် ရယူပေး နိုင်ခဲ့သလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပါ တယ်။ 

အဲရစ်တန်ဟတ်ကို တွေ့ရစဉ် 

မာကိုရို့စ်ဟာ သူ့ရဲ့နည်းပြဘဝမှာ အနိုင် ၆၀ ရာခိုင်နှုန်း အထိရှိခဲ့ပြီး ဆဲလ်ဘတ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကို ဆုဖလား အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာပါ။

ဒါပေမယ့် မာကိုရို့စ်ဟာ အခုနှစ်မတ်လက လိုက်ပ်ဇစ်အသင်း နည်းပြရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ 

လက်ရှိအချိန်မှာ တာဇစ်နဲ့ မာကိုရို့စ်တို့ ၂ ဦးစလုံးဟာ ဘယ်အသင်းကိုမှ ကိုင်တွယ်ရခြင်း မရှိသေးတာပါ။ 

လေဗာကူဆင်အသင်းဟာ ဘွန်ဒက်လီဂါ ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ မှာ ရပ်တည်နေပါတယ်။ 

နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်က မလွယ်ကူပေမယ့် အသင်းဟာ လက်ရှိပုံစံနဲ့ အောင်မြင် တဲ့ အသင်းတစ်သင်းဖြစ်အောင် လုပ်နိုင်မှာ မဟုတ်တဲ့အတွက် အပြောင်းအလဲ မြန်မြန်ဆန်ဆန် လုပ်ခဲ့ရတယ်လို့ လေဗာကူဆင်အသင်းက ပြောထားပါတယ်။

လေဗာကူဆင်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်နေချိန်အတွင်းမှာ နည်းပြသစ် တစ်ဦးကို ခန့်အပ်သွားမှာ ဖြစ်ပြီး အသင်းဟာ လာမယ့်ပွဲစဉ်အဖြစ် ဖရန့်ဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: Goal