CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ စံချိန်တင်ပေါင် ၃ ဘီလီယံကျော် သုံးစွဲခဲ့ပြီး အရင် နွေရာသီ အပြောင်းအရွှေ့တွေမှာ အသုံးပြုခဲ့တဲ့ အသုံးစရိတ်ထက် များပြားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ သြဂုတ် ၃၁ ရက်အထိ စုစုပေါင်း ပေါင် ၂.၇၃ ဘီလီယံ သုံးစွဲခဲ့တာပါ။ 

ဒါပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ နယူးကာဆယ်အသင်း တိုက်စစ်မှူး အစ်ဆက်ကို ဗြိတိန်စံချိန် တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ အပြောင်းအရွှေ့၊ ဘရန်ဖို့ဒ်အသင်း တိုက်စစ်မှူးဝီဆာကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ နယူးကာဆယ်အသင်းရဲ့ အပြောင်းအရွှေ့တွေကြောင့် နွေရာသီ အသုံးစရိတ်ဟာ ပေါင် ၃.၀၈၇ ဘီလီယံအထိ ရောက်ရှိသွားခဲ့ပါတယ်။ 

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းအတွက် စံချိန်တင်အဖြစ် ပေါင်သန်း ၄၀၀ သုံး စွဲခဲ့ပြီး အာဆင်နယ်၊ ချယ်လ်ဆီး၊ ယူနိုက်တက်နဲ့ နယူးကာဆယ်အသင်းတို့ကလည်း ပေါင်သန်း ၂၀၀ ကျော် သုံးစွဲ ကာ ကစားသမားသစ်တွေ အားဖြည့်ခဲ့ကြတာပါ။

ပရီးမီးယားလိဂ်ရဲ့ ဒီနွေရာသီ အသုံးစရိတ်ဟာ ဘွန်ဒက်လီဂါ၊ လာလီဂါ၊ လီဂူး-၁နဲ့ စီးရီးအေပြိုင်ပွဲ ၄ ခုလုံးရဲ့ အသုံးစရိတ် စုစုပေါင်းထက် ပိုပြီးများခဲ့ပါတယ်။

အာဆင်နယ်အသင်းနည်းပြ အာတီတာကို တွေ့ရစဉ် 

နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ လီဗာပူးလ်အသင်းဟာ ပဲလေ့စ်အသင်း နောက်ခံလူ ဂူဟီကို ခေါ်ယူနိုင် ဖို့ နီးစပ်ခဲ့ပေမယ့် ပဲလေ့စ်အသင်းဘက်က သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကစားသမား အဆင်မပြေခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံ ဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူခဲ့ပြီး ဆန်ချိုကို အက်စတွန်ဗီလာအသင်းထံ အငှားချခဲ့တာပါ။

စပါးအသင်းဟာ PSG အသင်း တိုက်စစ်မှူး မူအာနီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့သလို အာဆင်နယ် အသင်းကလည်း လေဗာကူဆင်အသင်း နောက်ခံလူ ဟင်ကာပီကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ 

ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၁၆၀ ကျော် သုံးစွဲခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အေဂျက်စ်အသင်းက ဘရော့ဘေး၊ ထရာအိုရေးနဲ့ လိုက်ပ်ဇစ်အသင်းက ဂီထရူဒါတို့ကို ခေါ်ယူ အားဖြည့်ခဲ့ပါတယ်။ 

Source: BBC