CNI Sport News
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၈
ရီးရယ်လ်အသင်း တိုက်စစ်ကစားသမား ဘန်ဇီမာက ပီအက်စ်ဂျီအသင်းကို နှစ်ကျော့လုံး အနိုင်ကစားပြီး ဒီရာသီ ချန်ပီယံလိဂ် ဖလားကို ရယူချင်တယ်လို့ ပြောလိုက်ပါတယ်။
ရီးရယ်လ်အသင်းဟာ ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့အတွက် ၁၆ သင်းအဆင့်မှာ ပီအက်စ်ဂျီအသင်းကို ကျော်ဖြတ်ရမှာ ဖြစ်ပါ တယ်။ ဒီ ၂ သင်းလုံးဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရေပန်းစားနေတဲ့ အသင်းတွေလည်း ဖြစ်ပါတယ်။ ဘန်ဇီမာက တော့ ချန်ပီယံလိဂ်ပွဲ မကစားခင် ကတည်းက ပီအက်စ်ဂျီအသင်းကို သတိပေးမှုတွေ ပြုလုပ်ခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ဒီရာသီအစမှာ အထနှေးခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး လာလီဂါ ပြိုင်ပွဲမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နေသလို ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း အုပ်စု ထိပ်ဆုံးနဲ့ နောက်တဆင့် တက်နိုင် ခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ပီအက်စ်ဂျီတို့ တွေ့ဆုံမှုဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်မှာ အကောင်းဆုံး ပွဲစဉ် တစ်ပွဲအဖြစ် လည်း သတ်မှတ်ထားကြတာပါ။
ဘန်ဇီမာက “ ဒါဟာ ကြီးကျယ်ပြီး ခမ်းနားတဲ့ ရာသီပါ။ အလွန်ပျော်ပါတယ်။ အခု ပဲရစ်အကြောင်းကို တွေးနေပါပြီ။ ချန်ပီယံ လိဂ်ဖလားကို ဆွတ်ခူးဖို့ အတွက်ဆို ကျနော်တို့ဟာ ပွဲတိုင်းကို အနိုင်ရဖို့ လိုပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ဘန်ဇီမာက “ပီအက်စ်ဂျီဟာ ကောင်းမွန်တဲ့ အသင်းဆိုတာကို သိပေမယ့် ကျနော်တို့ အနိုင်ရနိုင်ပါတယ်။ ဒါဟာ လူတိုင်း ကစားချင်ကြတဲ့ ပွဲတစ်ပွဲပါ။ ပထမအကျော့ရော၊ ဒုတိယအကျော့ရော၊ နှစ်ကျော့လုံး အနိုင်ရအောင် ကစားသွား မှာပါ။ ကျနော်တို့ ချန်ပီယံလိဂ်ဖလားကို ရယူချင်ပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ဘန်ဇီမာဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားကာ ၁၈ ဂိုး သွင်းယူ ထားတာ ဖြစ်ပါတယ်။
ဘန်ဇီမာက “အခုအချိန်မှာ ကျနော်ဟာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်။ ကျနော်ဟာ ကွင်းထဲမှာ တစ်နေ့ပြီး တစ်နေ့ ပိုပြီးတိုးတက်မှုတွေ ရရှိနိုင်အောင် ကြိုးစားနေပါတယ်။ ဒါမှလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အသင်းကို အနိုင်ရအောင် အကူ အညီ ပေးနိုင်မှာပါ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ရီးရယ်လ် အသင်းဟာ ပီအက်စ်ဂျီအသင်းမှာ ဘာစီလိုနာ ကစားသမား ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ နေမာတို့နဲ့ ပြန်လည် ရင်ဆိုင်ရမှာ ဖြစ်သလို အသင်းသား ဟောင်းတွေဖြစ်တဲ့ ရာမို့စ်၊ ဟာကီမီ၊ နာဗတ်စ်တို့နဲ့လည်း ပြန်လည်တွေ့ဆုံရာမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ ရီးရယ်လ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ကို ဖေဖော်ဝါရီ ၁၅ ရက်၊ ဒုတိယအကျော့ပွဲစဉ်ကို မတ်လ ၉ ရက်မှာ ယှဉ်ပြိုင် သွားကြမှာလည်း ဖြစ်ပါတယ်။
Source: Sport Skeeda.com