၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇
ရော်နယ်ဒိုနဲ့ ဂျီအိုဂျီနာတို့ စုံတွဲဟာ နောက်ထပ် မွေးဖွားလာမယ့် အမြွှ ၂ ဉီးဟာ ယောင်္ကျာလေးနဲ့ မိန်းကလေးဖြစ်တယ်လို့ ပရိသတ်တွေကို ဖွင့်ချလိုက်ပါတယ်။
ရော်နယ်ဒိုတို့ စုံတွဲဟာ လက်ရှိမှာတော့ ကလေး ၄ ဉီးကို ပိုင်ဆိုင်ထားကြပါတယ်။
ရော်နယ်ဒိုနဲ့ ကိုယ်ဝန် ၅ လ ရှိပြီဖြစ်တဲ့ ဂျီအိုဂျီနာတို့ဟာ အံ့သြဖွယ် ဗီဒီယိုနဲ့အတူ ဆိုရှယ်မီဒီယာမှာ ဒါကို ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။ ဂျီအိုဂျီနာက ၁ ၊ ၂ ၊ ၃ ဆိုပြီး နံပတ်စဉ် ရေတွက်ခဲ့ရာမှာ သားလေး ၂ ဦးက ယောင်္ကျာလေးလို့ အော်ဟစ်ခဲ့ပြီး သမီးလေး ၂ ဦးက မိန်းကလေးဆိုပြီး အော်ဟစ်ခဲ့ကြတာပါ။
သူတို့တွေဟာ ဒီလို အော်ဟစ်ရင်းနဲ့ ရယ်မောပျော်ရွှင်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်ဒိုဟာ ကလေး ၆ ဦးရဲ့ ဖခင် ဖြစ်လာတော့မှာပါ။ ရော်နယ်ဒိုဟာ အကြီးဆုံးသားဖြစ်တဲ့ ရော်နယ်ဒိုဂျုနီယာကို အမည်မဖော်လိုတဲ့ အမျိုးသမီး တစ်ဦးနဲ့ ရရှိခဲ့တာဖြစ်ပြီး ကျန်တဲ့ ကလေးတွေကိုတော့ ဂျီအိုဂျီနာနဲ့ ရရှိခဲ့တာပါ။
အဲ့ဒါကြောင့် အမြွှာ ၂ ဦးသာ မွေးဖွားပြီးခဲ့ရင် ရော်နယ်ဒိုဟာ ဂျီအိုဂျီနာနဲ့ ရတဲ့ ကလေး ၅ ဦးအထိ ရှိလာတော့မှာလည်း ဖြစ်ပါ တယ်။
ပုံ- နောက်ထပ် မွေးဖွားမည့် အမြွှာနှစ်ဉီးကို ထုတ်ပြန်စဉ်။(People)
ရော်နယ်ဒိုနဲ့ ဂျီအိုဂျီနာတို့ဟာ သူတို့မှာ အမြွှာရ င်သွေးလေးတွေ လွယ်ထားရပြီဆိုတာကို အောက်တိုဘာလက ပြောခဲ့တာပါ။ ရော်နယ်ဒိုတို့ ၂ ဦးဟာ အီဗာနဲ့ မတ်တီယိုတို့ အမြွှာ ၂ ဦးကို ပိုင်ဆိုင်ထားတာကြောင့် နောက်ထပ် အမြွှာ ၂ ဦးကို ထပ်မံ ပိုင် ဆိုင် ရတော့မှာ ဖြစ်ပါတယ်။
ရော်နယ်ဒိုတို့ စုံတွဲဟာ လက်ရှိအချိန်မှာ လက်ထပ်ရခြင်း မရှိသေးပေမယ့် အတူနေထိုင်နေကြတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က ဂျုဗင်တပ်စ်ကနေ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘောလွန်းဒီအောဆု ၅ ကြိမ်ရ ကစားသမားဟာ မန်ယူအသင်းအတွက် ၁၈ ပွဲ ကစားထားပြီး ၁၃ ဂိုး သွင်းယူထားတာပါ။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာ ကိုဗစ် အခြေအနေတွေကြောင့် ပရီးမီးယားလိဂ် ၂ ပွဲဆက် ရွှေ့ဆိုင်းထားရတာလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ ဒီဇင်ဘာ ၃၀ ရက်မှာ ကစားရမယ့် ဘန်လေနဲ့ ဇန်နဝါရီ ၃ ရက်မှာ ကစားရမယ့် ဝုလ်ဗ်စ်အသင်းနဲ့ ပွဲစဉ်တွေမှသာ အသင်းအတွက် ပြန်လည်ကစားရမှာလည်း ဖြစ်ပါတယ်။
Source: The Sun