CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၇

(၂၀၂၂-၂၃) နေးရှင်းလိဂ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲခဲ့ရာမှာ အင်္ဂလန်အသင်းဟာ အီတလီ၊ ဂျာမနီ၊ ဟန်ဂေရီ တို့နဲ့ အုပ်စုကြပ်ထဲကို ကျရောက်နေခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲမှာ အီတလီအသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပြီး ဂျာမနီအသင်း ကိုတော့ (၁၆)သင်းအဆင့်မှာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကတော့ သူ့ရဲ့ ကစားသမားတွေဟာ ကမ္ဘာ့ဘောလုံးအင်အားကြီး တစ်သင်းအဖြစ် သူတို့ရဲ့ရပ်တည်မှုကို သက်သေပြလိုစိတ် တောက်လောင်နေတယ်လို့ ပြောလိုက်ပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ အုပ်စုကြပ်ထဲကို ရောက်နေပေမယ့် နောက်တဆင့်တက်နိုင်ဖို့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ ဆောက်ဂိတ် က “နွေရာသီက ကျနော်တို့ ပေးခဲ့တဲ့အရာက ကျနော်တို့ လုပ်ခဲ့တဲ့နေရာကို ရောက် သွားတဲ့ ယုံကြည်မှုပါပဲ။ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့အရာကို မရတဲ့ ဆာလောင်ငတ်မွတ်မှုကိုလည်း ထိန်းထား ရပါတယ်။ ကျနော်တို့ ရဲ့ ကစားသမားအစုအဖွဲ့ကတော့ အောင်မြင်မှုတွေရယူဖို့ မီးတောက်လောင်နေတယ်လို့ ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျနော်တို့တွေဟာ ပြိုင်ပွဲတွေမှာ ကြီးကြီးမားမား တိုးတက်မှုတွေ ရခဲ့ပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် ဆောက်ဂိတ်က“ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကျနော်တို့ ပြောခဲ့တဲ့အရာတွေထဲက တစ်ခုကတော့ အသင်းကြီးတွေကို အနိုင်ယူဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ စပိန်ကို အနိုင်ယူခဲ့သလို နောက်ဆုံးနေးရှင်းလိဂ်ပွဲမှာ ဘယ်လ်ဂျီယံကို ရှုံးပြီး အနိုင်ရခဲ့ပါတယ်။ နွေရာသီကလည်း ဂျာမနီကို အနိုင်ယူခဲ့ ပါတယ်။ဒါကြောင့် ဒီ အသင်းတွေကို အနိုင်ယူဖို့ စတင်နေပါပြီ။ ကျနော်တို့ လုပ်စရာရှိတာက သူတို့ကို ပုံမှန် အနိုင်ယူဖို့နဲ့ ဒါက ကျနော်တို့ အတွက် နောက်တဆင့်ပါပဲ။ ပြိုင်ပွဲကို အနိုင်ရချင်တယ်ဆိုရင် အသင်းကြီးတွေကို အနိုင်ရဖို့ လိုပါတယ်။ ဒါက ကျနော်တို့ ပျောက်ဆုံးနေတဲ့ အပိုင်းပါပဲ”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ အရင်ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲ နှစ်ကြိမ်မှာ တတိယတစ်ကြိမ်သာ ရခဲ့ပြီး နောက် တကြိမ်ကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ လိဂ်(A)မှာ ထိပ်ဆုံး(၄)သင်းသာ နောက် တဆင့်ကိုတက်နိုင်တာဖြစ်ပါတယ်။ အခြားအုပ်စုပွဲစဉ်တွေမှာတော့ ပြင်သစ်၊ ဒိန်းမတ်၊ ခရိုအေးရှားနဲ့ သြစတြီးယား တို့က တအုပ်စု၊ စပိန်၊ ပေါ်တူဂီ၊ ဆွစ်ဇာလန်နဲ့ချက်တို့က တအုပ်စုနဲ့ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်နဲ့ ဝေးလ်စ် တို့က တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကြိမ်မှာတော့ ပေါ်တူဂီနဲ့ ပြင်သစ်တို့က ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တာပါ။ အခုလာမယ့် နေးရှင်းလိဂ် ပြိုင်ပွဲကို ဇွန်လ(၂)ရက်မှာ စတင်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Source: Daily Mail