CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁
ဘာစီလိုနာအသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ လီဗာပူးလ်အသင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားနေတယ်လို့ ဂျာမနီမီဒီယာတွေက ဖော်ပြထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့ရဲ့ ဘယ်တောင်ပံကို အားကောင်းစေဖို့အတွက် ဝယ်ယူမယ့် ကစားသမား စာရင်းထဲမှာ လူးဝစ်ဒီယက်ဇ်နဲ့အတူ PSG အသင်းက ဘာကိုလာ၊ ဘီလ်ဘာအိုအသင်းက နီကိုဝီလီယံစ်တို့ကို ထည့်သွင်းထားတာပါ။
Sky Germany က ဘိုင်ယန်မြူးနစ်အသင်း အကြီးအကဲတွေဖြစ်တဲ့ ရူမင်နစ်ဂီနဲ့ အူလီဟိုးနက်စ်တို့ဟာ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူဖို့ အလွန်စိတ်လှုပ်ရှားနေတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် တရားဝင်ဆက်သွယ်မှုတော့ ပြုလုပ်ရခြင်း မရှိသေးပါဘူး။
လီဗာပူးလ်အသင်းဟာ လူးဝစ်ဒီယက်ဇ်ကို အလွန်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုရရင်တော့ ရောင်းချဖို့ လမ်းဖွင့်ထား တာဖြစ်ပါတယ်။
လူးဝစ်ဒီယက်ဇ်ကို တွေ့ရစဉ်
တိုက်စစ်နေရာစုံမှာ ကစားနိုင်တဲ့ လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၅၀ ပါဝင်ကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ တာပါ။
လူးဝစ်ဒီယက်ဇ်က သူဟာ လီဗာပူးလ်အသင်းမှာ အလွန်ပျော်ရွှင်နေပေမယ့် အပြောင်းအရွှေ့အတွင်းမှာ အခြား အသင်းတွေနဲ့ စကားပြောဆိုမှုတွေ ရှိတယ်လို့ ပြောထားပါတယ်။
လူးဝစ်ဒီယက်ဇ်ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီက ပေါ်တိုအသင်းကနေ ပေါင်သန်း ၅၀ ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး လီဗာပူးလ်အသင်းအတွက် ၁၄၈ ပွဲ ပါဝင်ကစားထားကာ ၂၀၂၇ ခုနှစ် ရာသီကုန်အထိ စာချုပ်ရှိနေတာပါ။
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတဲ့ လူးဝစ်ဒီယက်ဇ်အနေနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာမလား ဒါမှမဟုတ် ဆက်ရှိမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source: Dailymail