CNI Sport News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အငှားစာချုပ် ကုန်ဆုံးပြီးနောက် သူ့ရဲ့ကလပ်အသင်းထံ ပြန်လာမယ်လို့ အက်စတွန်ဗီလာအသင်းက အတည်ပြုခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့က ယူနိုက်တက်အသင်းကနေ အက်စတွန်ဗီလာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ ၁၇ ပွဲ ပါဝင်ကစားကာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ 

အက်စတွန်ဗီလာအသင်းဟာ ရက်ရှ်ဖို့ဒ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ထဲမှာ အငှားစာချုပ်ကုန်ရင် ပေါင်သန်း ၄၀ နဲ့ အပြီးသတ် ဝယ်ယူဖို့ ရွေးချယ်ခွင့် ပါဝင်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့် အက်စတွန်ဗီလာအသင်းဟာ သူ့ကို အပြီးသတ် မဝယ်ယူခဲ့တာကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အသင်းနဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေကို စတင်ရတော့မှာပါ။

ယူနိုက်တက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၁၅,၀၀၀ ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ စာချုပ်ဟာ ၂၀၂၈ ခုနှစ်နွေရာသီ အထိ သက်တမ်းရှိနေပါတယ်။ 

ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ် 

ယူနိုက်တက်အသင်းဟာ ရက်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားပေမယ့် သူ့ရဲ့လုပ်ခ လစာဟာ အပြောင်းအရွှေ့တွေအတွက် အတားအဆီးတစ်ခုလို ဖြစ်နေတာပါ။ 

ရက်ရှ်ဖို့ဒ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နယူးကာဆယ်နဲ့ ဘာစီလိုနာအသင်း အပါအဝင် ဥရောပအသင်း အများအပြားရဲ့ ချိတ်ဆက်မှုတွေ ခံနေရတာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကတော့ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး ဘာစီလိုနာအသင်းဟာ သူ့ကို အငှားနဲ့ ခေါ်ယူချင်နေတာပါ။

ယူနိုက်တက်အသင်းဟာ နည်းပြအာမိုရင်ရဲ့ အစီအစဉ်မှာ ပါဝင်ခြင်းမရှိတဲ့ ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ရောင်းချနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဇူလိုင် ၇ ရက်မှာ စတင်မယ့် ယူနိုက်တက်အသင်းရဲ့ ရာသီကြို လေ့ကျင့်မှု အစီအစဉ်တွေ မှာ ပါဝင်ဖို့ရှိနေပြီး နည်းပြအာမိုရင်နဲ့ ပြန်လည်ရင်ဆိုင်ရတော့မှာပါ။

ယူနိုက်တက်အသင်းဟာ ရာသီကြို ပထမဆုံး ခြေစမ်းပွဲအဖြစ် လိဒ်စ်အသင်းနဲ့ ကစားမှာဖြစ်ပြီး ဒီပွဲပြီးရင် အမေရိကန်နိုင်ငံမှာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ အဲဗာတန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ 

Source: Dailymail