CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ပရီးမီးယားလိဂ် အသင်းတွေဟာ ကိုဗစ်မြင့်တက်နေတာကြောင့် အာဖရိကဖလားပြိုင်ပွဲကို သပိတ်မှောက်ဖို့ ခြိမ်းခြောက်မှု တွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ဖော်ပြနေကြပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်ထိ ကင်မရွန်းမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ အဲ့ဒါကြောင့် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတွေဟာ အဓိက ကစားသမားတွေကို တစ်လကျော်ကြာ လက်လွှတ်ရမှာလည်း ဖြစ်ပါ တယ်။ ဒါပေမယ့် အိုမိုက်ခရွန် မျိုးကွဲပျံ့နှံ့မှုတွေ အပါအဝင် လက်ရှိ ကိုဗစ် အခြေအနေတွေကြောင့် ပြိုင်ပွဲဟာ ရပ်တန့်သွားနိုင် တဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီပြိုင်ပွဲကို တတိယအကြိမ်မြောက် ရွှေ့ဆိုင်းခံရနိုင်တဲ့ အန္တရယ်ရှိနေတာပါ။ ဥရောပအသင်းတွေဟာ မကြာသေး ခင်က ဘုတ်အဖွဲ့ အစည်းအဝေးအပြီးမှာ ကစားသမားတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အာဖရိက ဘောလုံးအဖွဲ့ချုပ်နဲ့ ဖီဖာထံ စာရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတွေကို စေလွှတ်ပေး ဖို့ ငြင်းဆိုနိုင်ကြောင်းလည်း အကြံပြုထားတာပါ။ အာဖရိက ဘောလုံးအဖွဲချုပ်ကတော့ ကပ်ရောဂါရှိနေပေမယ့် အာဖရိက ဖလားကို စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်ဖို့ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းက  ပြောထားခဲ့တာ ဖြစ်ပါတယ်။

ပုံ- ဆာလတ်နဲ့မာနေး၊ မန်ဒီတို့ကိုတွေ့ရစဉ်။ (The Sun)

အာဖရိကဖလားပြိုင်ပွဲကို ဥရောပအခြေစိုက် နာမည်ကျော် ကြယ်ပွင့်ကစားသမားတွေမပါပဲ ကျင်းပနိုင်ဖို့တောင် ဆွေးနွေးမှု တွေ ရှိခဲ့သေးပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ အာဖရိကကြယ်ပွင့် ကစားသမား ၄၀ ဦးကြောင့် ဒီအာဖရိကဖလားပြိုင်ပွဲဟာ ကြီးမားတဲ့ ထိုးနှက်မှု ဖြစ်ပေါ်လာနိုင်ပါတယ်။

အာဖရိကဖလား ပြိုင်ပွဲကို နေရာပြောင်းပြီး ကျင်းပဖို့ စဉ်းစားမှုတွေကလည်း ပယ်ချခံခဲ့ရပါတယ်။ အာဖရိကဖလား ပြိုင်ပွဲကို မူလက ၂၀၂၀ ပြည့်နှစ် နွေရာသီမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်မှာ ကျင်းပဖို့ သတ်မှတ်ခဲ့တာ ပါ။ ဒါပေမယ့် တစ်နှစ် ထပ်ပြီးတော့ နောက်ကျကာ ၂၀၂၂ ခုနှစ်မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပရီးမီယားလိဂ်ပြိုင်ပွဲရဲ့ ဇတ်ရှိန် အမြင့်ဆုံးကာလမှာ အဓိက ကစားသမား အများအပြားကို လက်လွှတ်ရမယ့် အခြေအနေကို အသင်းကြီးတွေက စိတ်ပျက်နေကြတာ ဖြစ်ပါတယ်။ လီဗာပူးလ် အသင်းဆိုရင် အဓိက တိုက်စစ် ကစားသမားဖြစ်တဲ့ ဆာလတ်နဲ့ မာနေးကို လက်လွှတ်ရမှာဖြစ်ပြီး ချယ်လ်ဆီး အသင်းကတော့ ဂိုးသမား မန်ဒီကို လက်လွှတ်ရမှာပါ။

ဒါ့အပြင် အခြားပရီးမီးယားလိဂ် ကလပ်တွေကလည်း သူတို့ရဲ့အဓိက  ကစားသမားတွေကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

Source: The Sun