CNI Sport News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆

ဘာစီလိုနာ အသင်းတိုက်စစ်မှူး အဂွေရိုဟာ ကစားသမားဘဝကနေ အနားယူကြောင်းကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာ မှာ မျက်ရည်တွေ ထိန်းမနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

အဂွေရိုဟာ ကျန်းမာရေး အခြေအနေကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကနေ အနားယူပြီလို့ အတည်ပြုသွားခဲ့ တာပါ။ အာဂျင်တီးနား ကစားသမားဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကစားခဲ့တဲ့ အလာဗတ်စ်နဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ ရင်ဘတ်အောင့်ပြီး အသက်ရှု ကျပ်ခဲ့တာကြောင့် လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

အဂွေရိုဟာ ကစားသမားဘဝက အနားယူကြောင်းကို သူ့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ဘာစီလိုနာ အသင်းဖော်တွေ ရှေ့မှာ ပြောခဲ့တာပါ။ သူကစားသမားဘဝကနေ အနားယူကြောင်းပြောနေစဉ်မှာပဲ အဂွေရိုဟာ မျက်ရည်မထိန်းနိုင်ဘဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

 အဂွေရိုက “ကျနော် ပရော်ဖက်ရှင်နယ် ဘောလုံးကစားတာကို ရပ်နားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ လွန်ခဲ့တဲ့ (၁)လခွဲခန့်က အခြေ အနေတွေကြောင့် ကျနော်ဆုံးဖြတ်ခဲ့ရတာပါ။ ကျနော့်ကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက အစွမ်းကုန် လုပ်ပေးခဲ့ပါတယ်။ သူတို့က ကျနော့်အတွက် အကောင်းဆုံးအရာက ဘောလုံးကစားတာကို ရပ်လိုက်ဖို့ပါပဲလို့ ပြောခဲ့ပါတယ်”လို့ ပြောပါတယ်။

 

ပုံ- အဂွေရိုကိုတွေ့ရစဉ်။(News Colony)

ဆက်လက်ပြီးတော့ အဂွေရိုက “လွန်ခဲ့တဲ့ ၁၀ ရက်က ဒီဆုံးဖြတ်ချက်ကို ချခဲ့တာဖြစ်ပြီး အားလုံးမျှော်လင့်ချက်ရှိဖို့ ဖြစ်နိုင်တဲ့ အရာအားလုံးကို ကျနော်လုပ်ခဲ့တာပါ။ ဒါပေမယ့် ဖြစ်နိုင်ချေအများကြီး မရှိခဲ့ပါဘူး။ ကျနော့်ရဲ့ ကစားသမားဘဝအတွက် အလွန် ဂုဏ်ယူမိပါတယ်။ ကျနော် ၅ နှစ်သားကတည်းက ကစားဖို့ အိမ်မက်တွေ မက်ခဲ့တာပါ။ ဒါပေမယ့် ဥရောပကို ရောက် မယ်လို့တော့ မထင်ခဲ့ပါဘူး။ ကျနော့်ကို အသက် ၁၈ နှစ်အရွယ်မှာ လောင်းကြေးထပ်ပြီး ခေါ်ခဲ့တဲ့ အသလက်တီကို အသင်းကို အလွန်ကျေးဇူးတင်ပါတယ်။ မန်စီးတီးနဲ့ ပတ်သက်ပြီးလည်း ကျနော် ဘယ်လိုခံစားရလဲဆိုတာ အားလုံးသိပါတယ်”လို့ ပြောခဲ့ ပါတယ်။

ဒါ့အပြင် အဂွေရိုက “ဘာစီလိုနာမှာ ရှိတဲ့သူတွေလည်း ကျနော့်အပေါ်မှာ အားလုံးကောင်းကြပါတယ်။ အာဂျင်တီးနား လက်ရွေးစင် အသင်းကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။ အခုထွက်ခွာရတော့မယ့် အချိန်မှာ ခေါင်းကိုမော့ထားရမှာဖြစ်ပြီး ကျနော် အလွန်ပျော်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီအကုန်ကမှ မန်စီးတီးကနေ အလွတ်နဲ့ ရောက်ရှိလာတဲ့ အဂွေရိုဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၅ ပွဲသာ ပါဝင် ကစားခဲ့ရပြီး ၁ ဂိုးသွင်းယူကာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

Source: Sport Skeeda.com