CNI Sport News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃

အီတလီအသင်းရဲ့ ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်တဲ့ ဂတ်တူဆိုဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေပါတယ်။ 

နာပိုလီအသင်း နည်းပြဟောင်း စပယ်လက်တီဟာ မော်လ်ဒိုဗာအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်)ပွဲစဉ်မှာ အီတလီအသင်းကို သူ့ရဲ့နောက်ဆုံးပွဲစဉ်အဖြစ် ကိုင်တွယ်ခဲ့တာပါ။ 

အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ဟာ လက်ရွေးစင်အသင်း နည်းပြရာထူးနဲ့ပတ်သက်ပြီး ဂတ်တူဆိုနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ 

လက်စတာအသင်း နည်းပြဟောင်း ရာနီရေးရီဟာ အီတလီအသင်း နည်းပြသစ်ဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် သူဟာ ငြင်းပယ်ပြီး ရိုးမားအသင်းမှာ ဆက်ရှိခဲ့တာပါ။

အဲဒါကြောင့် ဂတ်တူဆိုဟာ အီတလီအသင်း နည်းပြသစ် ခန့်အပ်ခံရဖို့ အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ဦးစားပေး ဖြစ်လာခဲ့ပါတယ်။

ဂတ်တူဆိုကို တွေ့ရစဉ် 

ဆွေးနွေးမှုတွေမှာ ဂတ်တူဆိုကို နည်းပြသစ် ခန့်အပ်ရုံတင် မဟုတ်ဘဲ အီတလီအသင်းဂန္ထဝင် ၄ ဦး ပါဝင်မယ့် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်ကိုလည်း ဖွဲ့စည်းသွားဖို့ရှိနေတာပါ။

La Gazzetta dello Sport က FIGC ဟာ ဂတ်တူဆိုနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားပြီး ဂတ်တူဆို ဟာ သူ့ရဲ့လက်ထောက်နည်းပြအဖြစ် ကာလရှည်ကြာ လက်တွဲခဲ့တဲ့ ရီစီယိုကို ခေါ်ယူချင်နေပါတယ်။

ဘူဖွန်ဟာ အီတလီအသင်းရဲ့ ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် ဆက်ရှိဖို့ မျှော်လင့်ပြီး ဘိုနူချီဟာ နည်းစနစ် အဖွဲ့ဝင်အဖြစ် ပူးပေါင်းလာနိုင်တာပါ။ 

FIGC ဟာ အသင်းကြီးနဲ့ လူငယ်အသင်းတွေကြားမှာ ချိတ်ဆက်မှု အားကောင်းနိုင်ဖို့အတွက် ဘာဇာဂလီနဲ့ ဇမ်ဘရောတာတို့အတွက်လည်း ရာထူးစဉ်းစားမှုတွေ ပြုလုပ်နေပါတယ်။

ဆွေးနွေးမှုတွေကို မကြာမီ ပြုလုပ်ဖို့ ရှိနေတာကြောင့် ဂတ်တူဆိုဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ အီတလီအသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရဖွယ်ရှိနေတာပါ။ 

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိတဲ့ အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ၁ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ 

Source: Goal