CNI Sport News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂
ယူနိုက်တက်နဲ့ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ဖြစ်တဲ့ ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ်ကို ဒီနွေရာသီမှာ ယူရိုသန်း ၇၀ နဲ့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်က ပြောခဲ့ပါတယ်။
ဗာရန်ဒက်စ်က “သူဟာ ယူရိုသန်း ၆၀+ ယူရို ၁၀ သန်းနဲ့ ထွက်ခွာမှာ မဟုတ်ဘူးဆိုတာ ကျနော် အာမခံနိုင်ပါ တယ်။ ဘာလို့လဲဆိုရင် ကျနော်ဒါကို ဘယ်တုန်းကမှ ကတိမပေးခဲ့လို့ပါ။ အေးဂျင့် ကစားနေတဲ့ပွဲက အခြေအနေ ကို ပိုပြီးဆိုးသွားစေပါတယ်။ စပို့တင်းအသင်းဟာ ယိုကီရက်စ်အတွက် ကမ်းလှမ်းမှုကို အခုထိမရရှိသေးသလို၊ ပြီးခဲ့တဲ့ ရာသီကလည်း မရရှိခဲ့ပါဘူး။ ကျနော်တို့ဟာ သူ့အတွက် ယူရိုသန်း ၁၀၀ မတောင်းဘူးဆိုတာ အာမခံနိုင် တယ်”လို့ ပြောခဲ့တာပါ။
စပို့တင်းလစ္စဘွန်းအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ ယိုကီရက်စ်ရဲ့ စာချုပ်ထဲမှာ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၁၀၀ ပါဝင်နေတာ ဖြစ်ပါတယ်။
ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ရာသီက စပို့တင်းလစ္စဘွန်းအသင်းမှာ ဆက်ပြီးရှိခဲ့တာကြောင့် သူ့ကို လာမယ့်နွေရာသီမှာ ယူရိုသန်း ၇၀ နဲ့ ထွက်ခွာခွင့်ပေးဖို့ သူနဲ့အသင်းတို့ကြားမှာ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ တာပါ။
ဒါပေမယ့် စပို့တင်းလစ္စဘွန်းအသင်းက ဒီပမာဏထက် ပိုပြီး လိုချင်နေတာကြောင့် ယိုကီရက်စ်ဟာ အသင်းကို ဒေါသထွက်နေတယ်လို့ ပေါ်တူဂီသတင်းတွေမှာ ဖော်ပြထားပါတယ်။
ယိုကီရက်စ်ကို တွေ့ရစဉ်
စပို့တင်းလစ္စဘွန်းအသင်းဥက္ကဋ္ဌ ဗာရန်ဒက်စ်ကတော့ သူတို့ဟာ ယိုကီရက်စ်ကို ယူရိုသန်း ၇၀ နဲ့ ထွက်ခွာခွင့်ပေးဖို့ ကတိမပေးထားကြောင်းနဲ့ စာချုပ်ဖျက်သိမ်းကြေး အတိုင်း အပြည့်အဝ မတောင်းဆိုဖို့ကိုသာ ကတိပေးထား တယ်လို့ ပြောခဲ့တာပါ။
၂၀၂၃ ခုနှစ် နွေရာသီက ကိုဗင်ထရီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ယိုကီရက်စ်ဟာ စပို့တင်းလစ္စဘွန်း အသင်းအတွက် ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၁၀၂ ပွဲကစားထားပြီး ၉၇ ဂိုးသွင်းယူထားပါတယ်။
ယိုကီရက်စ်ရဲ့ ဂိုးသွင်းနှုန်းကြောင့် ပြီးခဲ့တဲ့ရာသီက တိုက်စစ်ပိုင်း အားနည်းခဲ့တဲ့ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ သူ့ကို နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
Source: ESPN