CNI Sport News

၂၀၂၅ ခုနှစ်၊ မေလ ၉

အဲဗာတန်အသင်းရဲ့တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကယ်လ်ဗတ်လီဝန်ဟာ ထွက်ခွာဖွယ်ရှိနေတာကြောင့် အသင်းဟာ စပါးအသင်းမှာကစားနေတဲ့ တိုက်စစ်မှူးဟောင်း ရစ်ချာလီဆန်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

အဲဗာတန်အသင်းနည်းပြဒေးဗစ်မိုယက်စ်ဟာ ရစ်ချာလီဆန်ကို အသင်းထံပြန်လည်ခေါ်ယူချင်နေတာကြောင့် ဘရာဇီးလ်ကစားသမားဟာ အဲဗာတန်အသင်းနဲ့ ချိတ်ဆက်မှုတွေရှိနေတာပါ။ 

အသက် ၂၇ နှစ်အရွယ်ရှိ ရစ်ချာလီဆန်ဟာ စပါးအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့် အသင်းဘက်ကလည်း သူ့ကိုရောင်းချဖို့ ပြင်ဆင်နေတာပါ။ 

Sky Sports က လာမယ့်နွေရာသီမှာ တိုက်စစ်မှူး သစ်တစ်ဦးကို ဦးစားပေးခေါ်ယူဖို့ စီစဉ်နေတဲ့ အဲဗာတန်အသင်းဟာ ရစ်ချာလီဆန်ကို ခေါ်ယူချင်နေတယ်လို့ ဖော်ပြထားတာပါ။ 

အင်္ဂလန်တိုက်စစ်မှူး ကယ်လ်ဗတ်လီဝန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အဲဗာတန်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီရာသီကုန်ရင်စာချုပ်ကုန်ဆုံးမှာဖြစ်လို့ အသင်းကနေ အလွတ်နဲ့ ထွက်ခွာဖွယ် ရှိနေတာဖြစ်ပါတယ်။ 

အသက် ၂၈ နှစ်အရွယ်ရှိ ကယ်လ်ဗတ်လီဝန်ဟာ ဒီရာသီမှာ အဲဗာတန်အသင်းအတွက် ၂၂ ပွဲသာ ကစားထားနိုင်ပြီး ၃ ဂိုးသွင်းယူထားတာပါ။ 

အဲဗာတန်အသင်းဟာ ဒီရာသီမှာ ဘီတိုကိုသာ အဓိက တိုက်စစ်မှူးအဖြစ်အသုံးပြုနေရပြီး သူဟာ ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၉ ဂိုးသွင်းယူထားပါတယ်။

ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ရာသီက စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ဒဏ်ရာတွေကြောင့် ပွဲပေါင်း ၃၀ ကျော်လွဲချော်ခဲ့ပြီး ၅ ဂိုးသာ သွင်းယူထားနိုင်တာပါ။ 

ရစ်ချာလီဆန်ကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေပြီး စပါးအသင်းကတော့ ပေါင်သန်း ၃၀ ကျော်နဲ့ ကမ်းလှမ်းမှုပြုလုပ်ရင် သူ့ကိုရောင်းချသွားဖို့ရှိနေပါတယ်။ 

ရစ်ချာလီဆန်ဟာ အဲဗာတန်အသင်းမှာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်အထိ ပြိုင်ပွဲစုံ ၁၅၂ ပွဲကစားခဲ့တာမှာ ၅၃ ဂိုး သွင်းယူပြီး အသင်းကိုတန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source:Goal