CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈
အယ်လ်ဟီလယ်အသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ နေမာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ် အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ အရာအားလုံး လုပ်သွားမယ်လို့ ပြောခဲ့ပါတယ်။
နေမာက “ကျနော်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိချင်တဲ့အတွက် ကြိုးစားသွားမှာပါ။ နိုင်ငံအသင်းမှာ ပါဝင်ခွင့်ရဖို့ အတွက် ကျနော် အရာအားလုံးကို လုပ်သွားမှာပါ။ ဒါက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား၊ ကျနော့်ရဲ့ နောက်ဆုံး ပစ်မှတ်၊ ကျနော့်ရဲ့ နောက်ဆုံး အခွင့်အရေးဆိုတာကို ကျနော်သိပါတယ်။ ဒါကြောင့် ကျနော် ပါဝင်ကစားနိုင်ဖို့ အရာအားလုံးကို လုပ်သွားမှာပါ”လို့ CNN နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
နေမာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာက ယှဉ်ပြိုင်ခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ကြောင့် တစ်နှစ်ကြာ အနားယူခဲ့ရပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့ အယ်လ်ဟီလယ်အသင်းတို့ရဲ့ အရေးကြီး တဲ့ပွဲ အများအပြားကို လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။
နေမာဟာ ၂၀၂၄ ခုနှစ် မကုန်ခင်မှာ ဒဏ်ရာကနေ သက်သာပြီး ပြန်ကစားနိုင်ခဲ့ပေမယ့် တံကောက်ကြောဒဏ်ရာ ခံစားခဲ့ရပြီး ထပ်အနားယူခဲ့ရတာပါ။
ဒါပေမယ့် နေမာဟာ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့အတူ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
နေမာကို တွေ့ရစဉ်
နေမာဟာ ကစားသမားဘဝမှာ ဘရာဇီးလ်အသင်းနဲ့အတူ ကွန်ဖက်ဒရေးရှင်းဖလား၊ အိုလံပစ်ရွှေတံဆိပ်တို့ကို ရယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလား ချန်ပီယံဆု မရရှိသေးတာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။
ဘရာဇီးလ်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ် ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
နေမာဟာ လာမယ့်မတ်လမှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဘရာဇီးလ်အသင်းအတွက် ပြန်လည် ပါဝင်ခွင့်ရရှိဖို့အတွက် အယ်လ်ဟီလယ်အသင်းနဲ့အတူ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြသဖို့ လိုအပ်နေတာပါ။
ဘရာဇီးလ်အသင်းဟာ မတ်လထဲမှာ ကိုလံဘီယာ၊ အာဂျင်တီးနား အသင်းတို့နဲ့ ခြေစစ်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal