CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
ဘာစီလိုနာအသင်းဟာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
စပါးနဲ့ ဆွန်ဟောင်မင်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကစားသမားရဲ့ အနာဂတ်ဟာ မြောက်လန်ဒန်ကလပ်မှာ ရေရာမှု မရှိသေးတာပါ။
စပါးအသင်းနည်းပြ ပိုစတီကိုဂလူးက အသင်းမှာ ဆွန်ဟောင်မင်ရဲ့ အရေးပါမှုကို မီးမောင်းထိုးပြခဲ့ပြီး ကလပ် အသင်းကလည်း သူ့ကို အလွတ်နဲ့ ဆုံးရှုံးရမယ့်အပေါ် ရှောင်ရှားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
ဒါပေမယ့် ဆွန်ဟောင်မင်ရဲ့ စာချုပ်ဟာ နောက်ဆုံးလ အနည်းငယ်ထဲကို ရောက်ရှိလာခဲ့တာကြောင့် ပရီးမီးယား လိဂ် ပြင်ပကလပ် အသင်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီး အကြိုစာချုပ်ချုပ်ဆိုလို့ရပြီဖြစ်တာပါ။
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေကြောင့် နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ကစားသမားတွေကို ရှာဖွေနေပြီး ဒီစာရင်းထဲမှာ ဆွန်ဟောင်မင်လည်း ပါဝင်နေတယ်လို့ El Nacional က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဆာနေးကိုတွေ့ရစဉ်
ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အခက်အခဲရှိပေမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲကို ပုံမှန်ယှဉ်ပြိုင်နိုင်ပြီး စပါးအသင်း က ဒီလိုမျိုး မလုပ်နိုင်တာကြောင့် စပိန်ကလပ်ဟာ ဒီအချက်နဲ့ ဆွန်ဟောင်မင်ကို ဆွဲဆောင်နိုင်တာပါ။
ဆွန်ဟောင်မင်ဟာ လေဗာကူဆင် အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စပါးအသင်းမှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေတဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ ၄၃၁ ပွဲမှာ ၁၆၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု အကြိမ် ၉၀ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဆွန်ဟောင်မင်အပြင် ရာသီကုန်ချိန်မှာ အလွတ်နဲ့ ခေါ်ယူလို့ရမယ့် ဘိုင်ယန်မြူးနစ် အသင်းက ကင်မစ်ရှ်နဲ့ ဆာနေးတို့ကိုလည်း ပစ်မှတ်ထားနေတာပါ။
ဒါအပြင် ဘာစီလိုနာအသင်းဟာ လေဗာကူဆင်အသင်း နောက်ခံလူ ဂျိုနသန်တက်ကိုလည်း အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
Source: Dailymail