CNI Sport News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆
ဗီယက်နမ်အသင်းဟာ လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၂၀၂၄ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ နှစ်ကျော့စလုံး အနိုင်ယူပြီး ချန်ပီယံဆုကို တတိယအကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။
ထိုင်းအသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဗီယက်နမ်အသင်းက ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။
ထိုင်းအသင်းဟာ ဒီပွဲမှာ ဗီယက်နမ်အသင်းကို တစ်ဦးလျော့နဲ့ ကစားခဲ့ရပြီး မိနစ် ၈၀ ကျော်အထိ ၂ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ပွဲချိန် ၈၂ မိနစ်မှာ ကိုယ့်ဂိုးကိုယ် သွင်းယူပြီး မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပိုမှာ ဗီယက်နမ်အသင်းကို အနိုင်ဂိုး ပေးခဲ့ရတာကြောင့် ထိုင်းအသင်းဟာ ချန်ပီယံဆုကို မကာကွယ်နိုင်ခဲ့တာပါ။
ဗီယက်နမ်အသင်းဟာ ထိုင်းအသင်းကို ပထမအကျော့တုန်းကလည်း ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ ပေါင်း ရလဒ် ၅ ဂိုး-၃ ဂိုးနဲ့ အနိုင်ရ ပြီးချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ထိုင်း ယှဉ်ပြိုင်နေစဉ်
ဗီယက်နမ်အသင်းဟာ ၂၀၂၂ ခုနှစ်က ဗိုလ်လုပွဲမှာ ထိုင်းအသင်းကို အရေးနိမ့်ခဲ့တာကို ၂၀၂၄ ခုနှစ်ပြိုင်ပွဲမှာ ပြန်ပြီး အနိုင်ယူနိုင်ခဲ့တာပါ။
ဗီယက်နမ်အသင်းဟာ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၂၀၀၈ နဲ့ ၂၀၁၈ ခုနှစ်တွေကလည်း ရယူနိုင် ခဲ့တာကြောင့် ဒီတစ်ကြိမ်ဟာ သူတို့အတွက် တတိယအကြိမ် ချန်ပီယံဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဗီယက်နမ်အသင်းနည်းပြ ကင်ဆန်ဆစ်ခ်က “ခက်ခဲတဲ့ပွဲကို ဖြတ်ကျော်ခဲ့ရပြီး ဗီယက်နမ် ပရိသတ်တွေ အားလုံးရဲ့ အားပေးမှုကို ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့် ကျနော်တို့ အနိုင်ရယူနိုင်ခဲ့တာပါ။ အရှုံးမပေးဘဲ အဆုံးထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကစားသမားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ ကေလိဂ်မှာ ဆုဖလား ရယူနိုင်ခဲ့ပေမယ့် ဒါဟာ နိုင်ငံအသင်းကို ကိုင်တွယ်ပြီး ပထမဆုံးရယူနိုင်ခဲ့တဲ့ ဆုဖလားဖြစ်တာကြောင့် အများကြီး အဓိပ္ပါယ်ရှိတယ်”လို့ ပြောခဲ့ပါတယ်။
ဒီပွဲမှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဆေးရုံပို့ခဲ့ရတဲ့ ဘရာဇီးလ်ဖွား ဗီယက်နမ်တိုက်စစ်မှူး ရာဖယ်လ်ဆန်ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုနဲ့ ဂိုးသွင်း အများဆုံးဆုတွေကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
Source:Straitstimes