CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄

လီဗာပူးလ်အသင်း တောင်ပံကစားသမား ဆာလက်ဟာ အသင်းနဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်တာ တိုးတက်မှု မရှိတာကြောင့် အသင်းမှာ သူ့ရဲ့နောက်ဆုံးနှစ်လို့ ပြောသွားခဲ့ပါတယ်။ 

ဆာလက်က “ဒီရာသီက လီဗာပူးလ်အသင်းနဲ့ နောက်ဆုံးရာသီလားဆိုရင် ဟုတ်ပါတယ်။ စာချုပ်က နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပေမယ့် ဘာတိုးတက်မှုမှ မရှိပါဘူး။ တိုးတက်မှုနဲ့ ဝေးကွာနေတာကြောင့် စောင့်ကြည့်ရုံပဲ ရှိပါတော့တယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကျနော် အမှန်တကယ် ရယူချင် ပါတယ်”လို့ ပြောခဲ့တာပါ။ 

လီဗာပူးလ်အသင်းနဲ့ ဆာလက်တို့ရဲ့ စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်တဲ့အတွက် စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုရရှိဖို့ ဝေးကွာနေတာ ဖြစ်ပါတယ်။ 

ဆာလက်ကို တွေ့ရစဉ်

အသက် ၃၂ နှစ်အရွယ်ရှိ ဆာလက်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြသနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲမှာ ဂိုး ၂၀ သွင်းယူထားတာပါ။ 

ဆာလက်ဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတော့တဲ့အတွက် အင်္ဂလန်ပြင်ပ ကလပ်အသင်းတွေနဲ့ အကြို စာချုပ်ချုပ်ဆိုလို့ရပြီ ဖြစ်ပါတယ်။

ဆာလက်ကို ရာသီအကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ ဥရောပထိပ်သီး ကလပ်အချို့နဲ့ ဆော်ဒီပရိုလိဂ် ကလပ်အသင်း တွေက စောင့်ကြည့်မှုတွေ ပြုလုပ်နေတာပါ။

လီဗာပူးလ်အသင်းဟာ ဆာလက်အပြင် အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ နောက်ခံလူ အာနိုးလ်တို့ကိုလည်း စာချုပ် သစ်ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးပါဘူး။

အဲဒါကြောင့် လီဗာပူးလ်အသင်းဟာ အဓိက ကစားသမား ၃ ဦးစလုံးကို ရာသီကုန်ချိန်မှာ အလွတ်နဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ၆ မှတ်အသာနဲ့ ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ ဇန်နဝါရီ ၅ ရက်မှာ လိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN