၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၅

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ ဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် အိုးထရက်ဖိုဒ့်ကွင်း အပြင်ဘက်မှာ ရှိတဲ့ ဂန္တဝင်ကစားသမားကြီးရဲ့ပုံကို ဖယ်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ဆာမတ်စ်ဘတ်စ်ဘီ ပွဲကြည့်စင်မှာရှိတဲ့ ဆိုးလ်ရှားရဲ့ပုံကို အလုပ်သမား ၃ ဦးက ဖယ်ရှားနေခဲ့တာ ဖြစ်တယ်လို့ ဒေးလီးမေးလ် က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဝက်ဖိုဒ့်အသင်းကို အရေးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပြီး အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ မိုက်ကယ်ကာရစ်က အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာလည်း ဖြစ်ပါ တယ်။ ကာရစ်ကတော့ သူ့ရဲ့ ယာယီနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် ဗီလာရီးရယ်လ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီ ယံလိဂ် ပွဲစဉ်မှာ စတင်ကိုင်တွယ်ခဲတာဖြစ်ပြီး နိုင်ပွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနိုင်ပွဲကြောင့်လည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို အုပ်စုတွင်း ထိပ်ဆုံးနေရာမှာ ရပ်တည်ပြီး တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပုံ-ယူနိုက်တက်အသင်း နည်းပြအဖြစ် ခန့်အပ်ရန် သတင်းထွက်နေသူ ပိုချက်တီနိုကိုတွေ့ရစဉ်။

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနိုကို မန်ချက်စတာယူနိုက်တက် အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထား နေတာ ဖြစ်ပေမယ့် အာဂျင်တီးနားလူမျိုး နည်းပြကတော့ ပြင်သစ်ကလပ်မှာ ပျော်ရွှင်နေတယ်လို့ ပြောထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ နည်းပြ ၅ ဦးကို လျာထားတယ်လို့ သတင်းတွေ ထွက် ပေါ်နေပါတယ်။ သူတို့တွေကတော့ ဘာစီလိုနာ အသင်းနည်းပြဟောင်း ဗယ်လ်ဗာဒီ၊ လိုက်ပ်ဇစ် အသင်းနည်းပြဟောင်း ရက်ဂ် နစ်၊ ဒေါ့မွန် အသင်းနည်းပြဟောင်း ဗာဗရီ၊ လိုင်ယွန် နည်းပြဟောင်း ဂါစီယာနဲ့ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာတို့ ပါဝင် နေ တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ယာယီနည်းပြနဲ့ပဲ ဒီနှစ်ရာသီကုန်တဲ့အထိ သွားဖို့ရှိနေတာဖြစ်ပြီး ရာသီကုန်မှသာ သူတို့ ပစ်မှတ်ထားနေတဲ့ နည်းပြကို ခန့်အပ်သွားမယ်လို့ သုံးသပ်မှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကစား ထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ပြီး ရလဒ်တွေ ဆိုးရွားနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ပွဲစဉ် ၂ ပွဲအဖြစ် ချယ်လ်ဆီး၊ အာဆင်နယ် အသင်းတို့နဲ့ ပွဲကြီးပွဲကောင်းတွေ ဆက်လက်ယှဉ်ပြိုင် သွားရမှာဖြစ်ပါ တယ်။

Source: Daily Mail